မီးအားဖြတ်စက် အပူလွန်ကဲ၍ ဝါယာရှော့ဖြစ်ကာ နေအိမ်မီးလောင်ကျွမ်း

ဗန်းမော် ၂၁ ဇန်နဝါရီ 

 

ကချင်ပြည်နယ် ဗန်းမော်မြို့ ပေါက်ကုန်းရပ်ကွက်၌ ဇန်နဝါရီ ၂၁ ရက် ညနေ ၃ နာရီ မိနစ်၄၀ က ရေခဲ သေတ္တာသုံး မီးဖြတ်စက်အပူလွန်ကဲ၍ ဝါယာရှော့ခ်ဖြစ်ကာ နေအိမ်မီးလောင်ကျွမ်းခဲ့ကြောင်း ပြည်နယ်မီးသတ် ဦးစီးဌာနမှ သိရသည်။

 

mdn

 

ဖြစ်စဉ်မှာ ဗန်းမော်မြို့ ပေါက်ကုန်းရပ်ကွက်နေ ဦးစိုင်းမောင်ခမ်း(၃၃)နှစ်၏ နေအိမ်၌ တပ်ဆင်အသုံးပြုထား သည့် ရေခဲသေတ္တာသုံး မီးအားဖြတ်စက် အပူလွန်ကဲရာမှ လျှပ်စစ်ဝါယာရှော့ခ်ဖြစ်ကာ နေအိမ်သို့ မီးကူးစက် လောင်ကျွမ်းခဲ့၍ ၎င်းပိုင်ဆိုင်သည့် အလျား ၂၇ ပေ၊ အနံ ၁၈ ပေရှိ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း အုပ်ညှပ် နှစ်ထပ်နေအိမ်တစ်လုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့သည်။

 

mdn

 

မီးလောင်ကျွမ်းရာသို့ ဗန်းမော်မြို့နယ်မီးသတ်စခန်းမှ ဦးစီးအရာရှိ ဦးပြည့်ဖြိုးအောင် ဦးစီးမီးသတ်တပ်ဖွဲ့ဝင်များ၊ ဗန်းမော်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်နေပြည်သူများက မီးငြိမ်းသတ်ယာဉ် ၄ စီး၊ ရေသယ်ယာဉ် ၂ စီးတို့ဖြင့် ငြိမ်းသတ်မှုကြောင့် ညနေ ၄ နာရီတွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

 

mdn

 

မီးလောင်ကျွမ်းမှုဖြစ်စဉ်ကြောင့် လျှပ်စစ်မီးပေါ့ဆစွာအသုံးပြုသူ အိမ်ရှင်ဦးစိုင်းမောင်ခမ်းအား ဗန်းမော်မြို့ မရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

 

ဝင်းနိုင်(ကချင်မြေ)