မီးဘေးသင့် နေအိမ်တစ်တစ်လုံးအတွက် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့

ငပုတော   ၂၂ ဇန်နဝါရီ 


ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့ မြောက်ပိုင်းရပ်ကွက်၊ မြို့ပတ်လမ်းတွင် ဇန်နဝါရီ ၁၈ ရက်က ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးလောင်ကျွမ်းပျက်စီးခဲ့သည့် နေအိမ် တစ်လုံးအတွက် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို အဆိုပါနေရာ၌ ယမန်နေ့ ညနေပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။

123


ပစ္စည်းများ ထောက်ပံ့ပေးအပ်ရာတွင် မီးလောင်ကျွမ်း ပျက်စီးခဲ့သည့် နေအိမ်တစ်လုံးနှင့် အိမ်ထောင်စုတစ်စုမှ လူဦးရေလေးဦးအတွက် တစ်အိမ်ထောင်စာ ကယ်ဆယ်ရေးပစ္စည်း ၁၅ မျိုး၊ တန်ဖိုးငွေ ၃၂၃၅၃ ကျပ်၊ အိမ်ဆောက်ပစ္စည်းတန်ဖိုး ၁၀ဝ၀ဝ၀ ကျပ်နှင့် ဆန်ရိက္ခာ (၇)ရက်စာရန်ပုံငွေ ၈၄၀ဝ ကျပ်တို့အား ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက မီးဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေး အပ်ခဲ့ကြောင်း သိရသည်။


လှမင်းထွဋ်(ပြန်/ဆက်)