မိုးကုတ်မြို့နယ်တွင်  တရားမဝင် ဘောလုံးပွဲ လောင်းကစားပြုလုပ်သူများအား ဖမ်းဆီးအရေးယူ 

မိုးကုတ် ၂၂ ဇန်နဝါရီ


ဇန်နဝါရီ ၁၉ ရက်နေ့ ည ၁၀ နာရီက မိုးကုတ်မြို့နယ် မြို့မရဲစခန်း ဒုရဲအုပ်ကျော်စိုးထွန်း နှင့်အဖွဲ့သည် လောင်းကစားအက်ဥပဒေပုဒ်မ ၁၅(က)/၁၆(က)အရ အရေးယူထားသော တရားခံ ထွန်းဝေ(၃၇) နှစ်အား စစ်ဆေးနေစဉ် ၎င်းကိုင်ဆောင်သော လက်ကိုင်ဖုန်းအား အမည်မသိ လူတစ်ဦးဆက်သွယ်လာသဖြင့် ၎င်းအား စစ်ဆေးမေးမြန်းရာ ဖုန်းဆက်လာသူမှာ မိုးကုတ်မြို့ ထင်းရှူးခြံရပ်နေ သိန်းအောင် ဆိုသူဖြစ်ပြီး လောင်းကစားလက်ခွဲ ရောင်းချပေးနေသူဖြစ်ကြောင်း သိရသဖြင့် ဇန်နဝါရီ ၂၀ ရက်တွင် ဒုရဲအုပ် ကျော်စိုးထွန်းနှင့်အဖွဲ့မှ သက်သေများနှင့်အတူ ထင်းရှူးခြံရပ်နေ သိန်းအောင်(၄၉) နှစ်၊(ဘ)ဦးပန်ဆိုင် နေအိမ်အား လုပ်ထုံးလုပ်နည်းနှင့်အညီ ဝင်ရောက်ရှာဖွေခဲ့သည်။


ထိုသို့ရှာဖွေရာ ၎င်းအား နေအိမ်အတွင်း အသင့်တွေ့ရှိရပြီး သက်သေများနှင့်အတူ ဆက်လက်ရှာဖွေရာ လောင်းကစားပြုလုပ်ရာတွင်အသုံးပြုသည့် သက်သေခံဘောက်ချာနှင့် ဆပ်စပ် ပစ္စည်းများအား သက်သေများရှေ့တွင် ရှာဖွေသိမ်းဆည်းခဲ့ပြီး တရားမဝင် ဘောလုံးပွဲ လောင်းကစားပြုလုပ်သူ ထွန်းဝေနှင့် သိန်းအောင်တို့နှစ်ဦးအား ဒုရဲအုပ်ကျော်စိုးထွန်းမှ တရားလို ပြု၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး အမှုဖွင့်ဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။


ကျော်ဇေယျာမြင့်(မိုးကုတ်)