မိုးမိတ်မြို့နယ်နှင့် မဘိမ်းမြို့နယ်တွင် ငွေကျပ် ၄၆,၂၄၂ သိန်းတန်ဖိုးရှိ  မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် ၂၀ ဇန်နဝါရီ 

 

မူးယစ်တပ်ဖွဲ့စု(၂၄)လားရှိုးမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၁၉ ရက် ညနေ ၄ နာရီခွဲက မိုးမိတ်မြို့နယ်၊ မိုးမိတ်-မဘိမ်းကားလမ်း၊ မိုင်တိုင်အမှတ်(၄/၃)အနီးတွင် ဆွယ်ဟိန်း မောင်းနှင် လာသည့် MITSUBISHI TRITON အမျိုးအစား မော်တော်ယာဉ်ကိုရှာဖွေရာ မော်တော်ယာဉ်၏ ကြမ်းခင်းနှင့် ဘေးဘောင်အံဝှက်များအတွင်းမှ ကာလတန်ဖိုး ငွေကျပ် ၄၆၂၄၂ သိန်းဖိုးရှိ ဆပ်ပြာခွက် ၂၂၁ ခွက်ဖြင့် ထည့်ထားသည့် ဘိန်းဖြူ ၂ ဒသမ ၂၁ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၂၂ ဒသမ ၉ သိန်းနှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သည်။

 

ကွင်းဆက်အရ  ည ၁၀ နာရီတွင် မဘိမ်းမြို့နယ်၊ ဘဟဲကျေး ရွာအုပ်စု၊ ပွေးတူးကျေးရွာအနီးရှိ ရွှေလီ(၃)ရေအားလျှပ်စစ်စီမံကိန်း မြစ်ကူးတံတား၌ ဝေလျှံအောင်(ခ) အမောင်လေးနှင့် မတင်ဇာခိုင်(ခ)မခက်ခက်ခိုင်တို့အား MITSUBISHI PAJERO အမျိုးအစား မော်တော် ယာဉ်တစ်စီး၊ လက်ကိုင်ဖုန်းတစ်လုံးနှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း ရဲပြန်ကြားမှ သိရသည်။ 

 

MDN