မိုင်းယောင်း၌ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များအတွက် အစည်းအဝေးပြုလုပ်မည်

မိုင်းယောင်း  ၁၂   ဇန်နဝါရီ 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲအတွက် မဲရုံများလျာထားခြင်းနှင့် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များအတွက် ခန့်မှန်းအသုံးစရိတ်များ တင်ပြတောင်းခံနိုင်ရေးအစည်းအဝေးကို မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဝင်များ၊ ရပ်/ကျေးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးများနှင့် နိုင်ငံရေးပါတီများဖြင့် ဇန်နဝါရီ ၁၄ ရက် နံနက် ၁၀ နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသွားမည်ဖြစ်ကြောင်း မြို့နယ်(ပြန်/ဆက်)မှ
သိရသည်။

 

MDN