မက္ကဆီကိုနယ်စပ်ကို တံတိုင်းကာရေး အတွက် နယ်စပ်ဒေသကို သမ္မတ ရောက်ရှိ

၁၁ ဇန်နဝါရီ


အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က မက္ကဆီကိုနယ်စပ်မှာ တံတိုင်းကာရေးအတွက် မနေ့က နယ်စပ်ကို သွားရောက်ကြည့်ရှု့ကြောင်း သိရပါတယ်။ အဲဒီခရီးစဉ်မှာ နိုင်ငံအတွင်းမှာ ဖြစ်ပေါ်နေတဲ့ လူသတ်မှုတွေနဲ့ လူမိုက်ဂိုဏ်းတွေကို ပိတ်ပစ်ရန်အတွက် အမေရိကန်ဒေါ်လာ ဘီလီယံချီကုန်ကျမယ့် တံတိုင်းဆောက်ရမယ်လို့ ပြောဆိုခဲ့ပါတယ်။ 

 

mdn


ထို့အပြင် နယ်စပ်ကာကွယ်ရေး အရာရှိတွေနဲ့ တွေ့ဆုံစဉ်မှာလည်း အမေရိကန်မှာ သံမဏိတံတိုင်း သို့မဟုတ် ကွန်ကရစ်တံတိုင်းသာ ရှိခဲ့မယ်ဆိုရင် လူသတ်မှုအပါအဝင် အကြမ်းဖက်မှုတွေကို တားဆီးနိုင်မယ်။  လူတွေက လုံခြုံရေးသာ မရှိရင် သူတို့လာ သွားမှာဘဲ။ ဒါတွေကို တာဆီးရမယ်။ တရားမဝင် ရွှေ့ပြောင်းသွားလာနေသူတွေ အမေရိကန်နိုင်ငံရဲ့ မြောက်ပိုင်းဒေသတွေမှာ ရာဇဝတ်မှုတွေ အမြောက်အမြား လုပ်ဆောင်နေကြတယ် လို့ ပြောကြားသွားပါတယ်။ 

mdn


ဒါပေမယ့် လေ့လာတွေရှိချက်တွေအရ အမေရိကန်နိုင်ငံဖွားတွေ က ရွှေ့ပြောင်းလာသူတွေထက် ပိုပြီး ရာဇဝတ်မှု ကျူးလွန်ကြတယ်လို့ ဆိုပါတယ်။ 


အမေရိကန်သမ္မတက မက္ကဆီကို နယ်စပ်အား သံမဏိ တံတိုင်းကာရေးအတွက် အမေရိကန် ဒေါ်လာ ၅.၇ ဘီလီယံကို သုံးစွဲချင်နေပါတယ်။ မက္ကဆီကိုနယ်စပ်ကို သံမဏိတံတိုင်းကာရေးအတွက် ဆွေးနွေးပွဲကို ဗုဒ္ဓဟူးနေ့မှာ ကျင်းပခဲ့ရာ လွတ်တော်(၂)ရပ်ရဲ့ ထိပ်တန်းခေါင်းဆောင် ဒီမိုကရက်ပါတီဝင်တွေက သမ္မတရဲ့လိုလားချက်ကို သဘောမတူတဲ့အတွက် ထရန့်က အစည်းဝေးခန်းမကနေ ရုတ်ချည်း ထွက်ခွာသွားပါတယ်။

mdn

MDN
ကိုးကား -AFP

mdn