မက္ကဆီကိုနယ်စပ်တံတိုင်းကာရေးကို သဘောမတူတဲ့အတွက် သမ္မတ အစည်းဝေးခန်းမကနေ ထွက်ခွာ

၁၀ ဇန်နဝါရီ 

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က မက္ကဆီကိုနယ်စပ်ကို သံမဏိတံတိုင်းကာရေးအတွက် ဆွေးနွေးပွဲကို ဗုဒ္ဓဟူးနေ့မှာ ကျင်းပခဲ့ပါတယ်။ အစည်းဝေးပွဲမှာ လွတ်တော်(၂)ရပ်ရဲ့ ထိပ်တန်းခေါင်းဆောင် ဒီမိုကရက်ပါတီဝင်တွေက သမ္မတရဲ့လိုလားချက်ကို သဘောမတူတဲ့အတွက် ထရန့်က "ဘိုင်ဘိုင် ဘာမှလုပ်စရာမရှိတော့ဘူး " လို့ပြောပြီး အစည်းဝေးခန်းမကနေ ရုတ်ချည်း ထွက်ခွာသွားပါတယ်။

 

mdn

 

သမ္မတနဲ့ အထက်လွတ်တော်ရဲ ့လူနည်းစု ခေါင်းဆောင် ဒီမိုကရက်ပါတီဝင် ချက်ခ် ရှူးမား၊ အောက်လွတ်တော်ဥက္ကဋ္ဌ ဒီမိုကရက်ပါတီဝင် နန်စီပလိုစီ တို့ သုံးဦး ဦးဆောင်တဲ့ တွေ့ဆုံပွဲမှာ ထရန့်က မက္ကဆီကိုနယ်စပ်မှာ တံတိုင်းကားရေးအတွက် သဘောမတူတဲ့ မူလက ရည်မှန်းထားတဲ့ ၄၅ မိနစ်မယ့် အစည်းဝေး ရုတ်ချည်း ပျက်သွားရပါတယ်။

 

mdn

 

အစည်းတွေမှာ ကိုယ်တိုင်ရှိနေတဲ့ ချက်ခ်ရှူးမား က “အောက်လွတ်တော်ဥက္ကဌက တံတိုင်းကာရေးအတွက် ငွေကြေးချပေးဖို့ သဘောမတူတဲ့အခါ သမ္မတက သူ့ရဲ့ တံတိုင်းကာရေးကို သဘောတူမလားမေးတဲ့အခါ နန်စီ ပလိုစီက  မတူဘူး ပြောတဲ့အတွက် သမ္မတက အစည်းဝေးခန်းမမှာ ထိုင်နေရာမှ ထရပ်ပြီး ဒါဆိုဘာမှ ဆက်ဆွေးနွေးစရာမရှိတော့ဘူး”ဆိုပြီး ထွက်ခွာသွားပါတယ်။ ဒါဟာ သမ္မတရဲ့ ဒေါသတကြီး လုပ်ဆောင်တတ်တဲ့ စရိုက်ကို နောက်တစ်ကြိမ်တွေ့တာဖြစ်ကြောင်း သတင်းထောက်တွေကို သူ့အတွေ့ကြုံကို ပြောပါတယ်။

 

mdn

 

သမ္မတကို ထောက်ခံတဲ့သူတွေကတော့ အစည်းဝေးပွဲမှာ သမ္မတက သူလုပ်ဆောင်ချင်တဲ့  မက္ကဆီကိုနယ်စပ်ကိုတံတိုင်းကာရေးအစီအစဉ်ကို ဒီမိုကရက်ဘက်က လိုက်လျောရင် အစိုးရယန္တရား တစိတ်ပိုင်းကို ရက်ပေါင်း ၁၉ ရက်ကြာ ရပ်နားထားမှုကို သမ္မတက အဆုံးသတ်ပေးမယ်ဆိုတဲ့ သဘောတူညီချက် အလဲအလှယ်လုပ်ချင်တဲ့ ပုံစံရှိတယ်လို့ ပြောပါတယ်။

ဒုသမ္မတ မိုက် ပန့်စ် ကလည်း ထရန့်က အစည်းအဝေးခန်းမကိုလာစဉ်မှာ စိတ်အားတက်ကြွစွာနဲ့လာခဲ့တယ်။ ဒီမိုကရက်တစ်ခေါင်းဆောင်တွေက ညှိနှိုင်းဆွေးနွေးခြင်းကို လက်မခံချင်တာဟာကို နောက်တစ်ကြိမ် ကြားလိုက်ရတာဖြစ်တယ်လို့ ပြောပါတယ်။

မအောင်မြင်တဲ့ အစည်းအဝေးရဲ့ ရလဒ်အဖြစ် ပြည်ထောင်စုအစိုးရရဲ့ အလုပ်သမား ၈ သိန်းလောက်နဲ့ အစိုးရနှင့်ကွန်ထရိုက်လုပ်ဆောင်နေတဲ့ အလုပ်တွေမှာ လုပ်အားခမရဘဲ အလုပ်တွေ လုပ်ဆက်လုပ်ကိုင်နေတဲ့ အလုပ်သမားတွေဟာ အခုဆိုရင် သီတင်းသုံးပတ်လောက်ရှိတော့မှာဖြစ်ပါတယ်။

ထရန့်က မက္ကဆီကို ဘက်ကနေ လူကုန်ကူးမှုတွေ၊ မူးယစ်ဆေးဝါး ကူးသန်းရောင်းဝယ်မှုနဲ့ တရားမဝင်ရွှေ့ပြောင်းလာသူတွေကို ဟန့်တားဖို့ တံတိုင်းကာရေးအတွက် အမေရိကန်ဒေါ်လာ ၅.၇ ဘီလီယံ ကို အလိုရှိနေပါတယ်။

MDN
ကိုးကား- AFP

 

mdn