မလေးရှားကို အိမ်ကွင်းမှာအနိုင်ယူပြီး ဗီယက်နမ်အသင်း ဆူဇူကီးဖလားကို ဒုတိယအကြိမ် မြောက်ဆွတ်ခူး

၂၀၁၈ ခုနှစ် AFF ဆူဇူကီးဖလားပြိုင်ပွဲ ဗိုလ်လုပွဲ ဒုတိယအကျော့ပွဲစဉ်ကို စနေနေ့ ညပိုင်းကယှဉ်ပြိုင် ကစားခဲ့ပြီး အိမ်ရှင်ဗီယက်နမ်အသင်းက မလေးရှားအသင်းကို အိမ်ကွင်းမှာ တစ်ဂိုး ဂိုးမရှိဖြင့် နှစ်ကျော့ပေါင်း ရလဒ် သုံးဂိုး နှစ်ဂိုးဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။ 

ဗီယက်နမ်အသင်းသည် ပထမအကျော့တွင်  မလေးရှားအသင်း၏ အဝေးကွင်းမှာ တစ်ဖက် နှစ်ဂိုးစီ သရေရလဒ် ထွက်ပေါ်ခဲ့ပြီး ယခုအိမ်ကွင်းပွဲစဉ်တွင် ဗီယက်နမ်အသင်းအနေဖြင့် လိုအပ်နေသည့် အနိ်ုင်ရလဒ်ကိုလည်း ထိန်းချုပ်ကစားနိုင်ခဲ့သည်။ ဗီယက်နမ်အသင်း၏ တစ်လုံးတည်းသော အဖိုးတန် အနိုင်ဂိုးကို ပွဲချိန် ၆ မိနစ်တွင် ငုရင်အန်ဒူးက သွင်းယူပေးခဲ့သည်။

ဆူဇူးကီးဖလားကို ထိုင်းအသင်းမှ ငါးကြိမ်၊ စင်ကာပူအသင်းမှ လေးကြိမ် ဆွတ်ခူးရရှိထားပြီး ဗီယက်နမ်အသင်းအနေဖြင့် ယခုအခါ ဒုတိယအကြိမ်မြောက်ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်ပြီး တတိယ အအောင်မြင်ဆုံးအသင်း ဖြစ်လာခဲ့သည်။