မန်စီးတီးအသင်းက ဟက်ဒါဖီးလ်အသင်းကို သုံးဂိုးပြတ်နိုင်ပွဲရရှိ ယခုဘောလုံးရာသီ၏ သွင်းဂိုး ၁၀ဝ ပြည့် မန်စီးတီး သွင်းယူ

၂၂  ဇန်နဝါရီ

 

မန်စီးတီးအသင်းဟာ ဟက်ဒါဖီးလ်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ တဲ့ ပရီမီယာလိဂ်ပွဲစဉ် ၂၃ မှာ သုံးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး အဲဒီပွဲစဉ်မှာ မန်စီးတီးအသင်းအတွက် သွင်းဂိုးတွေကို ပွဲကစားချိန် ၁၈ မိနစ်မှာ ဒန်နီလို၊ ၅၄ မိနစ်မှာ စတာလင်နဲ့ ၅၆ မိနစ်မှာ ဆာနေး တို့က သွင်းယူပေးခဲ့ကြတာဖြစ်ပါတယ်။

 

မန်စီးတီးအသင်းနဲ့ကစားခဲ့ရတဲ့ ဟက်ဒါဖီးလ်အသင်းဟာ လက်ရှိအချိန်မှာ နည်းပြလက်မဲ့ဖြစ်နေတဲ့အသင်းဖြစ်ပြီး ဟက်ဒါဖီးလ်အသင်းအနေနဲ့ အခုတစ်ပတ်အတွင်းမှာ နည်းပြသစ်တစ်ဦးကို ခန့်အပ်သွားမယ်လို့ ဆိုပါတယ်။

 

မန်စီးတီးအသင်းကတော့ အခုနောက်ဆုံးကစားခဲ့တဲ့ လေးပွဲမှာ ၂၂ ဂိုးအထိသွင်းယူထားနိုင်ခဲ့တာကိုလည်း တွေ့ရမှာဖြစ်ပါတယ်။ အဲဒီပွဲစဉ်တွေကတော့ ရိုသာဟမ် ယူနိုက်တက်အသင်းနဲ့ ကစားခဲ့တဲ့ အက်ဖ်အေဖလားပွဲစဉ်မှာ ခုနစ်ဂိုးပြတ်၊ ဘာတန်အသင်းနဲ့ ကစားခဲ့တဲ့ အီးအက်ဖ်အယ်လ်ဖလားပွဲစဉ်မှာ ကိုးဂိုးပြတ်၊ ဝုလ်ဗာဟမ်တန်အသင်း နဲ့ ကစားခဲ့တဲ့ ပရီမီယာလိဂ်ပွဲစဉ်မှာ သုံးဂိုးပြတ်နဲ့ အခုဟက်ဒါဖီးလ်အသင်းနဲ့ ကစားခဲ့တဲ့ ပရီမီယာလိဂ်ပွဲစဉ်မှာ သုံးဂိုးပြတ်စသဖြင့် အသီးသီးအနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

 

မန်စီးတီးအသင်းဟာ ဟက်ဒါဖီးလ်အသင်းကို အနိုင်ရရှိခဲ့တာကြောင့် ပရီမီယာလိဂ်အမှတ်ပေးဇယား ထိပ်ကဦးဆောင်နေတဲ့ လီဗာပူးအသင်းနဲ့ ရမှတ်လေးမှတ်အကွာ အမှတ်ပေးဇယားရဲ့ ဒုတိယနေရာမှာ ဆက်လက်ရပ်တည်နိုင်ခဲ့ပါတယ်။

 

ငွေကြယ်