မင်းကွန်းဒေသတွင် ပထမအကြိမ် ဆောင်းရာသီ ကာဖီပွဲတော် ကျင်းပ 

စစ်ကိုင်း   ၂၀  ဇန်နဝါရီ   

 

စစ်ကိုင်းမြို့နယ်၊ မင်းကွန်းဒေသတွင် ပထမအကြိမ် ဆောင်းရာသီ ကာဖီပွဲတော်ကို ဇန်နဝါရီ ၁၉ ရက်နေ့ နံနက်ပိုင်းအချိန်က စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း မင်းကွန်း ဖောင်တော်သီဆရာတော် ဘဒ္ဒန္တ နန္တိမာ က မြွက်ကြားသည်။

 

အဆိုပါ ဆောင်းရာသီ ကာဖီပွဲတော်ကို  မင်းကွန်း ဖောင်တော်သီဆရာတော် ဦးဆောင်၍ ဒကာ/ဒကာမများ စုပေါင်းပြုလုပ်ခြင်းဖြစ်ပြီး ပွဲတော်ကို ဇန်နဝါရီ ၁၉ ရက်နေ့ နံနက် ၅ နာရီခွဲ အချိန်မှ ၈ နာရီခွဲ အချိန်ထိ မင်းကွန်းခေါင်လောင်ကြီးရှေ့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

''ဆောင်းရာသီ အေးတဲ့အချိန်ဆိုတော့ ကာဖီလေးနဲ့  အနွေးဓာတ်လေးမှ နည်းနည်းရရဆိုတဲ့ သဘောမျိုးလေးနဲ့ ကျင်းပပြုလုပ်တာပါ။ ကာဖီရယ် သူနဲ့တွဲဖက်ကတော့ ကိတ်မုန့်ပေါ့၊ နောက်တစ်ခုက မြန်မာ့အစားအစားထဲက ဆောင်းရာသီ အစားအစာဖြစ်တဲ့  မုန့်ပေါင်း နဲ့ အကြော်၊  လူမျိုးဘာသာမရွေး ဧည်ခံကျွေးမွေးခဲ့တယ်။''ဟု မင်းကွန်း ဖောင်တော်သီဆရာတော် ဘဒ္ဒန္တ နန္တိမာက မြွက်ကြားသည်။

 

ပထမအကြိမ် ဆောင်းရာသီ ကာဖီပွဲတော်တွင် ကာဖီ၊ ကိတ်မုန့်နှင့် မြန်မာ့အစားအစာ တစ်ခုဖြစ်သည့် မုန့်ပေါင်းနှင့် အကြော်တို့ကို ဧည့်ခံကျွေးမွေးခဲ့ရာ ကာဖီအခွက်ရေ  ၂၀ဝ၀ ကျော် နှင့် မုန့်ပေါင်းအခုရေ ၅၀ဝ၀ ကျော် ကုန်ခဲ့ကြောင်း သိရသည်။

 

ထို့အပြင် နွေရာသီ  နှင့် မိုရာသီကာလ များတွင်လည်း ဒကာ၊ဒကာမများနှင့် စုပေါင်း၍ ရာသီအစားအစာ ပွဲတော်များကို လည်းကျင်းပပြုလုပ်သွားရန် ရည်ရွယ်ထားကြောင်း မင်းကွန်း ဖောင်တော်သီဆရာတော် က မြွက်ကြားသည်။

 

 ကိုမင်း(အင်းတော်)  

 

FB_IMG_1547908