မြင်းနီကျေးရွာတွင် စာဖတ်ရှိန်မြှင့်တင်ရေး လုပ်ငန်းကွင်းဆင်းဆောင်ရွက်

နွားထိုးကြီး ၇ ဇွန်
 
 
နွားထိုးကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် မြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ အသိပညာ အတတ်ပညာများ တိုးတက်စေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲ၊ နယ်လှည့်စာကြည့်တိုက် ဖွင့်လှစ်ခြင်း လုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၉ နာရီက မြင်းနီကျေးရွာ၊ အခြေခံပညာ မူလတန်းကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။

 

 
 
ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရုပ်သံကျွမ်းကျင်-၃ ဦးမြင့်ဆွေက စာပေဖတ်ရှုရခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူး အကြောင်းကို ရှင်းလင်းဆွေးနွေးပြီး၊ ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် ကျောင်းစာတွင်သာမက ကျောင်းပြင်ပ စာပေ ဗဟုသုတများ ရရှိစေခြင်း၊ အသိပညာ အတတ်ပညာများ တိုးပွားစေရန် ရည်ရွယ်၍ နယ်လှည့်စာကြည့်တိုက် ဖွင့်လှစ်ရခြင်းကို ရှင်းလင်း ဆွေးနွေးခဲ့သည်။

 

 

ထို့နောက် မြင်းနီကျေးရွာ၊ အခြေခံပညာ မူလတန်းကျောင်း၊ ကျောင်းစာကြည့်တိုက်တွင် အသုံးပြုရန်အတွက် စာအုပ်စာစောင်များကို ပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ဆရာမ ဒေါ်ရီဌေးမှ လက်ခံရယူခဲ့ပြီး ဆရာ၊ ဆရာမ၊ ကျောင်းသူ၊ ကျောင်းသားများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦး စီးဌာနမှ ပြသထားသော နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့် စာအုပ်စာစောင်များကို စိတ်ပါဝင်စားစွာ လေ့လာ ဖက်ရှုခဲ့ကြောင်း သိရသည်။
 
 
သန်းအောင်ဇော် (ပြန်/ဆက်)