မင်းတုန်းမြို့နယ်တွင် ကညနမှ မော်တော်ဆိုင်ကယ် ယာဉ်မောင်းလိုင်စင်များ လာရောက်ပြုလုပ်ပေး

မင်းတုန်း ၂၂ ဇန်နဝါရီ


မင်းတုန်းမြို့နယ်တွင် သရက်ခရိုင်ကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ဝန်ထမ်းများ ပါဝင်သော အဖွဲ့မှ ယမန်နေ့နံနက် ၁၀နာရီအချိန်တွင် မင်းတုန်းမြို့ အောင်ဆန်းခန်းမ၌ မော်တော်ဆိုင်ကယ်ယာဉ်မောင်း လိုင်စင်များ ပြုလုပ်ပေးခဲ့ပြီး ယာဉ်စည်းကမ်း လမ်းစည်းကမ်းများအား ပညာပေးဟောပြောခဲ့ကြောင်း သိရသည်။


ထိုသို့ဆောင်ရွက်ပေးရာတွင် ယာဉ်မောင်းလိုင်စင်လာရောက်လျှောက်ထားသူ ၉၅ ဦးအား ယာဉ်မောင်းလိုင်စင်များ ပြုလုပ်ပေးနိုင်ခဲ့ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးမျိုးမင်းထွန်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များမှ ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။


ချင်းကလေး(မင်းတုန်း)