မြန်မာလူငယ် နည်းပညာစွန့်ဦးတီထွင် ဖွံ့ဖြိုးရေးအစီအစဉ် (၂၀၁၉) ဆန်ခါတင်ရွေးချယ်ပွဲကျင်းပ

ရန်ကုန်  ၂၀  ဇန်နဝါရီ

 

မြန်မာနိုင်ငံတစ်ဝန်းရှိ နည်းပညာတက္ကသိုလ်များ၊ ကွန်ပျူတာနှင့် အိ်ုင်တီပညာကောလိပ်များ၊ ပုဂ္ဂလိက ကျောင်းများနှင့် နည်းပညာစွန့်ဦးတီထွင်လုပ်ငန်းများ စသည့်မတူညီသော ကဏ္ဍအသီးသီးမှ ထူးချွန်သော လူငယ်များကို ထောက်ပံ့မှုပေးနိုင်ရန်အတွက် MPT နှင့် မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ်တို့ ပူးပေါငေ်းဆာင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၂၀ ရက် နံက် ၁၀ နာရီက ရန်ကုန်မြို့၊ လှိုင်မြို့နယ် MICT  Park တွင်ရှိသော Conference H all ၌ (၂၀၁၉)၏ မြန်မာလူငယ် နည်းပညာစွန့်ဦးတီထွင် ဖွံ့ဖြိုးရေးအစီအစဉ် ပဏာမရွေးချယ်ပွဲကိုကျင်းပခဲ့သည်။

 

အခမ်းအနားတွင် မြန်မာလူငယ် နည်းပညာစွန့်ဦးတီထွင် ဖွံ့ဖြိုးရေး အစီအစဉ်ဖြစ်မြောက်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအော်ကျော်မိုးနှင့် မြန်မာနိုင်ငံကွန်းပျူတာအသင်းချုပ်ဥက္ကဋ္ဌ ဦးခွန်ဦး၊ MPT-KSGM Join Operations မှ Mr.Yoshiaki Benino တို့က အသီးသီးဂုဏ်ပြုနှုတ်ခွန်းဆက်စကား ပြောကြားကြသည်။

 

ယခုလိုကျင်းပခြင်းသည် မြန်မာပြည်တစ်ဝန်းရှိ နည်းပညာကိုအရင်းပြု၍ စွန့်ဦးတီထွင်လုပ်ငန်းများ လုပ်ကိုင်လိုသောလူငယ်များနှင့် တက္ကသိုလ်များမှ စွန့်ဦးတီထွင်လူငယ်တို့အတွက် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်ပြီး ယနေ့ပြိုင်ပွဲဝင် အဖွဲ့(၁၅)ဖွဲ့အား ဆန်ခါတင်(၅)ဖွဲ့ကို ရွေးချယ်၍ ရွေးချယ်ခံရသောအဖွဲ့(၅)ဖွဲ့အား ဇန်နဝါရီ ၃၁ ရက် ဖေဖော်ဝါရီ ၈ ရက်အတွင်း စခန်းသွင်း လေ့ကျင့်မှုကို လူကြီးလေးဦးမှ အနီးကပ်ကြီးကြပ်၍  စီးပွားရေးလုပ်ငန်း ကျွမ်းကျင်မှု အတတ်ပညာများ၊ ကိုယ်ရည်ကိုယ်သွေးများ မြင့်မားလာစေရန်နှင့် လုပ်ငန်းတစ်ခုစတင်လည်ပတ်နိုင်ရန် လိုအပ်ချက်တို့ကို လမ်းညွှန်ပို့ချသွားမည်ဖြစ်သည်။

 

ပြိုင်ပွဲတွင် အနိုင်ရရှိသော အသင်းများကို ယင်းတို့၏ စီးပွားရေးလုပ်ငန်းများ စတင်နိုင်ရန်အတွက် တစ်သင်းလျင် ငွေကျပ်သိန်း ၈၀ ရရှိမည်ဖြစ်ပြီး ဆုကြေးငွေအပြင် မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်၏ စီးပွားရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု စင်တာဖြစ်သော Kanaung Hub တွင် အခြားသောအောင်မြင်မှုများ ရရှိနေသည့် လုပ်ငန်းငယ်များနှင့် အနီးကပ် အလုပ်လုပ်ကိုင်နိုင်မည့် နေရာတစ်ခုကိုလည်း  ၆  လတိတိ အခမဲ့အသုံးပြုခွင့်ရရှိမည်ဖြစ်သည်။

 

Myanmar Youth Technopreneurship Development Program 2019 စကာတင်ရွေးချယ်ပွဲတွင် နယ်ပင်အချင်းချင်းချိတ်ဆက်ဆောင်ရွက်နိုင်သည့် ဆက်စပ်နည်းပ ညာများ၊ စိုက်ပျိုးရေးဆိုင်ရာ နည်းပညာများ၊ ကျန်းမာရေးစောင့်ရှောက်မှု ဆိ်ုင်ရာနည်းပညာ များ၊လူမှုပတ်ဝန်းကျင်အတွက် အကျိုးပြုမည့် နည်းပညာများနှင့် အသုံးချဖြေရှင်းရေးနည်းလမ်းများ၊ Open Data Solution များ၊ ပညာရေးအတွက် အထောက်အကူပြု နည်းပညာများ၊ ဖျော်ဖြေရေးနှင့် စီးပွားရေးလုပ်ငန်းများအတွက် နည်းပညာများ စသည်တို့ကို အခြေခံ၍ ဖန်တီးထုတ်လုပ်ရာ၌ စိတ်ပါဝင်စားသော အဖွဲ့များကို ရွေးချယ်ခဲ့ရာ ပြိုင်ပွဲဝင်(၁၅)ဖွဲ့မှ Lottery Palace ခေါင်းစဉ်ဖြင့် အွန်လိုင်းပေါ်မှ အောင်ဘာလေ ထီလက်မှတ်များဝယ်ယူနိုင်မည့် အက်ပလီကေးရှင်းဖြင့် လည်းကောင်း၊NEA-New Era of Agriculture ခေါင်းစဉ်ဖြင့် စိုက်ပျိ်ုးရေးကဏ္ဍ၌ ဆိုလာနှင့်အာရုံခံစနစ်များ အသုံးပြု၍ လူအစားထိုးစက်ပစ္စည်းများ ပြောင်းလဲသုံးစွဲနိုင်မည့် အစီအစဉ်မှလည်းကောင်း၊ Dive into Myanmar AR Application ခေါင်းစဉ်ဖြင့် မြန်မာ့ယဉ်ကျေးမှုနှင့် ရိုးရာဓလေ့များကို နည်းပညာစနစ်မှ တစ်ဆင့် လက်တွေ့ကဲ့သို့ ခံစားကြည့်ရှုနိုင်မည့် အစီအစဉ်မှလည်းကောင်း၊ Learning Ethic Language with AR/VR ခေါင်းစဉ် ဖြင့် AR/VR စနစ်ဖြင့် တိုင်းရင်းသားစာပေများကို လေ့လာသင်ယူနိုင်မည့် သင်ထောက် ကူ အက်ပလီကေးရှင်းဖြင့်လည်းကောင်း၊ Nay-Yar Apartment Sharing Platform ခေါင်းစဉ်ဖြင့် ရန်ကုန်မြို့တွင်းတိုက်ခန်းများကို လပေးစန်ဖြင့် ငှားရမ်းခြင်း၊ ဖွံ့ဖြိုးတိုးတက်စေရေး လမ်းညွှန်ပြသပေးမည့် အက်ပလီကေးရှင်းဖြင့်လည်းကောင်း အသင်းငါးသင်းရွေးချယ်ခံရသည်။

 

သန်းထိုက်

 

ဓာတ်ပုံ -သန်းစိုး    

 

111