မြန်မာနိုင်ငံ ခြေလျင်နှင့် တောင်တက်အဖွဲ့ချုပ်၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီ ရွေးကောက်ပွဲကျင်းပမည်

မြန်မာနိုင်ငံ ခြေလျင်နှင့် တောင်တက်အဖွဲ့ချုပ် (Myanmar Hiking And Mountaineering Federation) ကို ၁၉၆၀ ပြည့်နှစ်မှ စတင်ဖွဲ့စည်းကာ မြန်မာနိုင်ငံတဝှမ်းရှိ တောင်စွယ်တောင်ထိပ်များကို တက်ရောက်ခဲ့သည်။ မူလက လူငယ်လူရွယ်များသာ ပါဝင်လှုပ်ရှားခဲ့ပြီး ယခုအခါ  MHMF  ၏ မူအရ လူတစ်စုအားကစားမှ လူထုအားကစားအဖြစ်သို့ ဦးတည်ဆောင်ရွက်ခဲ့ပြီး လူအများစု အသက်အရွယ်မရွေး ပါဝင်နိုင်အောင် ဆောင်ရွက်ခဲ့သည်။

 

 

ယခုနှစ်အတွင်း ရှမ်းပြည်တောင်ပိုင်း ကလောအနီးရှိ ပေ ၆၀ဝ၀ ကျော်သော ဆင်တောင်ကို အသက်  ၆၀ ကျော်များ အပါအဝင်လူ ၅၇၅ ဦးတက်ရောက် အောင်မြင်နိုင်ခဲ့သည်။

 

 

လာမည့် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလတွင် ချင်းပြည်နယ်ရှိ ပေ ၁၀၇၀ဝ မြင့်သော ခေါ်နုစုပ်တောင်နှင့် ဧပြီလတွင် ကချင်ပြည်နယ်ရှိ ပေ ၁၁၅၀ဝ မြင့်သော ဖုန်ဂန်ရာဇီ တောင်များကို တက်ရောက်ရန်ရှိကြောင်း သိရသည်။

 

 

MHMF အဖွဲ့ချုပ်၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ပြန်လည်ရွေးကောက် တင်မြောက်ပွဲကို  ဒီဇင်ဘာ ၂၇ ရက် မွန်းလွဲ ၁ နာရီခွဲတွင် အမှတ် (၁၂၄) ကမ္ဘာအေးဘုရားလမ်း (အနုပညာကျောင်းအနီး)ရှိ Reno Hotel ၌ ကျင်းပမည်ဖြစ်သဖြင့် ခြေလျင်တောင်တက်အဖွဲ့ဝင်များ တက်ရောက်ကြပါရန် ဖိတ်ကြားထားကြောင်း သိရှိရသည်။ 

 

(သတင်းစဉ်)