မြန်မာနိုင်ငံသည် မွေးမြူရေးငါးမြစ်ချင်းငါး ပြည်ပသို့တင်ပို့ရာတွင် အများဆုံးတင်ပို့နိုင်သည့် နိုင်ငံအဖြစ် ရပ်တည်လျက်ရှိ

mdn

ဖျာပုံ ၁၃ ဖေဖော်ဝါရီ

 

မြန်မာနိုင်ငံသည် ပထဝီ အနေအထားအရ စိုက်ပျိုးရေး လုပ်ငန်းသည် ပထမဦးစားပေး လုပ်ငန်းဖြစ်ပြီး ဒုတိယ ဦးစားပေးလုပ်ငန်းမှာ ရေလုပ်ငန်း ဖြစ်သည်။ ကမ္ဘာပေါ်တွင် ရေသယံဇာတ ပိုင်ဆိုင်မှု အဆင့်(၁၄)ရှိပြီး ငါးလုပ်ငန်းဆိုင်ရာ သယံဇာတများ လွန်စွာပေါကြွယ်ဝသည့် နိုင်ငံလည်းဖြစ်သည်။

 

မြန်မာနိုင်ငံမှ ပြည်ပသို့ ရေထွက်ကုန်ပစ္စည်းများ တင်ပို့ရာတွင်၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် အမေရိကန် ဒေါ်လာသန်း ၅၀၂ ဒသမ ၆၃ ရရှိခဲ့ပြီး ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် အမေရိကန် ဒေါ်လာသန်း ၆၀၅ ဒသမ ၈၂ ရရှိခဲ့သည်။ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် အမေရိကန် ဒေါ်လာသန်း ၆၅၀ လျာထားပြီး အမေရိကန်ဒေါ်လာ သန်း ၇၀ဝ ရရှိရေး ရည်မှန်းဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

 

ရေထွက်ကုန်ပစ္စည်းများ တင်ပို့ရာတွင် ယခင်က သဘာဝအရ ဖမ်းဆီးရမိသည့် ရေချိုရေငန် ငါး/ပုစွန်များ ဦးစားပေးတင်ပို့ခဲ့သော်လည်း ၂၀ဝ၀ ပြည့်နှစ် နောက်ပိုင်းတွင် ငါး/ပုစွန်မွေးမြူရေးလုပ်ငန်းများ ကျယ်ပြန့် အောင်မြင်လာ၍ နိုင်ငံတကာဈေးကွက် လိုအပ်ချက်အရ မွေးမြူရေး ငါး/ပုစွန်များကိုလည်း ပြည်ပသို့ တင်ပို့ရောင်းချလာခဲ့ကြောင်း သိရသည်။

 

တစ်နိုင်ငံလုံးတွင် ၂၀၁၆ခုနှစ် အောက်တိုဘာလကုန် စာရင်းများအရ ငါး/ပုစွန်မွေးမြူရေးကန် ဧက ၄ ဒသမ ၈ သိန်းကျော်တွင် ငါး/ပုစွန်များ မွေးမြူထုတ်လုပ်လျက်ရှိကြပြီး ကမ္ဘာပေါ်တွင် မြန်မာနိုင်ငံသည် ငါးမြစ်ချင်းငါး ဒုတိယအများဆုံး မွေးမြူသည့် နိုင်ငံဖြစ်သည်။ ထို့အတူ ငါးမြစ်ချင်းငါး ပြည်ပသို့ တင်ပို့ရာတွင် အများဆုံး တင်ပို့သည့် နိုင်ငံအဖြစ် ရပ်တည်လျက်ရှိပြီး နိုင်ငံခြားငွေ ရှာဖွေပေးရာတွင်လည်း မြန်မာနိုင်ငံရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနသည် တတိယအဆင့်တွင် ရှိနေကြောင်း သိရသည်။  

 

အောင်ဝင်း(ဖျာပုံ)