မန္တလေးမြို့၌ကျင်းပသည့် MFF Amateur League 2018 ဘောလုံးပြိုင်ပွဲတွင် ကြယ်စင်စု FC အသင်းဗိုလ်စွဲ 

မန္တလေး  ၂၀  ဇန်နဝါရီ

 

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် MFF Amateur League 2018 ဘောလုုံးပြိုင်ပွဲ နောက်ဆုံးပွဲစဉ်အဖြစ် ကြယ်စင်စု FC အသင်းနှင့် AYAR ZAR FC အသင်းတို့ ယနေ့နံနက်ပိုင်းက မန္တလေးမြို့ ဗထူးအားကစားကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ပြီး ကြယ်စင်စု FC အသင်းက ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။ 

 

ပြိုင်ပွဲအပြီးတွင် ဆုများချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ MFF Amateur League 2018 ပြိုင်ပွဲ အဆင့်(၈) နေရာရရှိသည့် ပလိပ်နင်ဂျာအသင်းအား ဆုငွေကျပ် ၃ သိန်း၊ အဆင့်(၇)ရရှိသည့် ချမ်းအေးသာစံ အသင်းအား ဆုငွေကျပ် ၅ သိန်း၊ အဆင့်(၆)နေရာ ရရှိသည့် ကုန်စည်ဒိုင်အသင်းအား ဆုငွေကျပ် ၇ သိန်း၊ အဆင့် (၅)နေရာရရှိသည့် A Yar Zar Fc အသင်းအား ဆုငွေကျပ် ၉ သိန်း၊ အဆင့်(၄) နေရာရရှိသည့် BMPT အသင်းအား ဆုငွေကျပ် ၁၁ သိန်းတို့ကို တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်ခဲ့သည်။

 

ထို့နောက် တတိယဆုရ Drogon.Fc အသင်းကို တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဝေဇင်က ဆုငွေကျပ် ၁၅ သိန်း၊ ဒုတိယဆုရ အားသစ် FC အသင်းအား YDPPC ဥက္ကဋ္ဌ ဒေါ်မေမြတ်နွယ်မှ ဆုငွေကျပ် ၂ သိန်းနှင့် ညွှန်ကြားရေးမှူး ဦးမျိုးမြင့်အောင် (ကျောင်းအုပ်ကြီး)မှ ဆုငွေကျပ်သိန်း ၂၀၊ ပထမဆုရရှိသော ကြယ်စင်စု FC အသင်းအား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အမှုဆောင်အရာရှိချုပ် ဦးဘုန်းနိုင်ဇော်မှ ငွေကျပ်သိန်း ၃၀ နှင့် YDPPC ဥက္ကဋ္ဌ ဒေါ်မေမြတ်နွယ်မှ ဆုငွေကျပ် ၅ သိန်းတို့ကို ချီးမြှင့်ခဲ့ကြောင်း သိရသည်။

 

တင်မောင်(မန်းကိုယ်ပွား)