မုဒုံဝင်းစိန်တောရ လျောင်းတော်မူဘုရားတွင် နိဗ္ဗာန်ဈေးပွဲတော် ကျင်းပပြုလုပ်မည်

မုဒုံ ၂၂ ဇန်နဝါရီ


မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ မြိုင်ကုန်းကျေးရွာ ၊ ရတနာတောင်တွင် တည်ထားသော အတောင် ၄၀ဝ နှင့် အတောင် ၆၀ဝ ပြည့် ကမ္ဘာ့အကြီးဆုံး ဝင်းစိန်တောရ လျောင်းတော်မူဘုရားကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်တွင်  နိဗ္ဗာန်ဈေးပွဲတော် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

123


 “မုဒုံမြို့နယ်အတွင်းက ရပ်ကွက်ကျေးရွာများ စုပေါင်းကာ စတုဒီသာဆိုင်ခန်းပေါင်း ၃၆ ခန်းအထိ ဆောက်လုပ်ကာ ကျွေးမွေးလှူဒါန်းသွားမှာ ဖြစ်ပါတယ်။ လာမယ့်  ဇန်နဝါရီ ၂၉ ရက်နေ့ကနေ ၃၁ ရက်နေ့အထိ ၃ ရက်တိုင်တိုင် ကျွေးသွားမှာပါ။ မနက် ၈ နာရီမှ ညနေ ၄ နာရီအထိ  လူမျိုးဘာသာမရွေး လာရောက် သုံးဆောင်နိုင်ပါတယ်။ ဒါကလည်း ဘဝနတ်ထံပျံလွန်တော်မူပြီးသော ဝင်းစိန်ဆရာတော်ကြီးရဲ့ အဓိဌာန်ထားခဲ့တဲ့စကားအတိုင်း မြန်မာပြည်ကြီးဆန်ရေစပါး ပေါကြွယ်ဝပြီး ထမင်းရည်ချောင်းစီး မောင်းတီးလှူနိုင်ကြစေဖို့ရည်ရွယ် အဓိဌာန်ထားတာဖြစ်ပါတယ်” ဟု လာရောက်ကျွေးမွေးသူ အလှူရှင်တစ်ဦးက ဆိုသည်။

123


ယင်းနိဗ္ဗာန်ဈေးပွဲတော်တွင် မြန်မာ့ရိုးရာ စားသောက်ဖွယ်များအပြင် မွန်ရိုးရာ အစားအစာများကိုလည်း ထည့်သွင်း ကျွေးမွေးလှူဒါန်းပေးသွားမှာ ဖြစ်ပါသည်။ အစားအသောက် အမျိုးအစားပေါင်း ၃၀ ကျော်အထိ ပါဝင်ပြီး အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများ လာရောက်ပါဝင်ဆင်နွှဲ သုံးဆောင်နိုင်ကြစေရန် ဖိတ်ကြားထားကြောင်း သိရသည်။


ဇင်မျိုးသူ

 

123