နော်ဝေမှာ ရေခဲတူရိယာတွေနဲ့ တေးဂီတဖျော်ဖြေပွဲ ကျင်းပ

၅ ဖေဖော်ဝါရီ

 

နှင်းထူထပ်နေတဲ့ နော်ဝေရွာလေးက အီဂလို ရေခဲအိမ်ကြီးထဲမှာ လေမှုတ်တူရိယာတစ်မျိုးဖြစ်တဲ့ ဦးချိုသံ ထွက်ပေါ်လို့နေပါတယ်။ အပူချိန် သုညအောက်၊ အနှုတ် ၂၄ ဒီကရီ စင်တီဂရိတ် သာရှိပြီး ရာသီဥတုက အေးခဲနေပေမယ့် နားထောင်ရတဲ့သူတွေအတွက် နွေးထွေးပျော်ရွှင်ဖွယ်ဖြစ်ပါတယ်။

 

ဒါပေမယ့် ဖျော်ဖြေနေတဲ့ ပညာရှင်လေးဦးကတော့ အေးနေမှာ အသေအချာပါဘဲ။ ဘာလို့လဲဆိုတော့ သူတို့အသုံးပြုဖျော်ဖြေနေတဲ့ တူရိယာပစ္စည်းတွေက ရေခဲနဲ့ ပြုလုပ်ထားလို့ပဲဖြစ်ပါတယ်။

 

ပတ္တလား၊ Claves(စည်းလိုက်ဖို့ လက်နဲ့တီးတဲ့ တုတ်၂ ချောင်း) နဲ့ လေမှုတ်တူရိယာတွေကို ရေခဲတုံးကြီးတွေကနေ ဝီရိယစိုက်ထုတ်ပုံသွင်းထားတာဖြစ်ပါတယ်။ ယခုအခါမှာတော့ တောင်ပေါ်ရွာလေးက ၁၃ ကြိမ်မြောက် ရေခဲတေးဂီတပွဲတော်မှာ လက်တွေထုံကျဉ်တဲ့အထိဖြစ်တဲ့ ဖျော်ဖြေရတဲ့နေရာလေး ဖြစ်လာပါပြီ။

 

mdn

 

ပြဿနာကတော့ တူရိယာတွေက ကြာကြာကိုင်လေ မြန်မြန် အရည်ပျော်လေဖြစ်တာပါပဲ။ သိုးမွှေးလက်အိပ်အထူကြီးတွေဝတ်ပြီး ဦးချိုမှုတ်နေတဲ့ပုံစံက အပြာရောင်အလင်းတန်းတွေကြားမှာ တောက်ပနေပါတယ်။

 

“ ဒါက လွယ်တဲ့ကိစ္စမဟုတ်ပါဘူး။ တူရိယာတွေနဲ့ဖျော်ဖြေနေချိန်မှာ ရေခဲနဲ့လုပ်ထားတာကြောင့် အရည်ပျော်ကျနေတယ်” လို့ ပွဲတော်ဖြစ်မြောက်ရေးကြိုးပမ်းသူ Terje Isungset က ပြောပါတယ်။

 

ဖေဖော်ဝါရီ ၂ ရက်ကနေ ၃ ရက်အထိ ရေခဲနဲဆောက်ထားတဲ့ အီဂလိုရေခဲအိမ်ထဲမှာ ကျင်းပတဲ့ပွဲမှာ လာရောက်သူတွေက ရာသီဥတုဒဏ်ခံနိုင်ဖို့၊ ရေခဲနဲ့လုပ်တဲ့ ခုံတွေမှာ ထိုင်ရမှာမို့ နွေးနွေးထွေးထွေးဝတ်ခဲ့ကြရပါတယ်။

 

ပွဲတော်ကျင်းပဖို့ အဖွဲ့ဝင် ၂၀ လောက်က လိုအပ်တဲ့ ရေခဲတုန်းတွေစုပြီး အီဂလို ရေခဲအိမ်ကြီးကို တစ်ပတ် အချိန်ယူဆောက်ခဲ့ရပါတယ်။ ရေခဲတုံးကြီးတွေကို အနီးအနားရေကန်ကနေ ယူလာခဲ့ပြီး လွှ၊ တူ နဲ့ စို့တွေကို ဂရုတစိုက်အသုံးပြုပြီး တူရိယာသမားတွေက ဖန်တီးခဲ့တာဖြစ်ပါတယ်။

 

ပွဲတော်ပြီးရင်တော့ တူရိယာတစ်ချို့က အရည်ပျော်ပြီး ဘာမှကျန်မှာမဟုတ်တော့ပါဘူး။ ဒါပေမယ့် တချို့ကတော့ ကျန်နေဦးမှာဖြစ်ပါတယ်။ နောက်နှစ်တွေမှာ ပြန်သုံးနိုင်ဖို့ ရေခဲသေတ္တာထဲကို ထည့်သိမ်းထားရမှာဖြစ်တယ်လို့ သိရပါတယ်။

 

ဘာသာပြန် > မိုးမမ

 

ကိုးကား > အေအက်ဖ်ပီ