ငါးနှစ်ခန့်ကင်းကွာနေခဲ့သည့် သရုပ်ဆောင်အလုပ်ကို ပြန်လုပ်ရန်မရှိသေးကြောင်း ဝိုင်းစုခိုင်သိန်း ပြောကြား

သရုပ်ဆောင် အနုပညာအလုပ်များနှင့် ငါးနှစ်ကျော်ကြာအောင် ကင်းကွာနေခဲ့သည့် ဝိုင်းစုခိုင်သိန်းက ဂီတဘက်ကိုသာ ပို၍ ဦးစားပေးသွားမည်ဖြစ်ပြီး သရုပ်ဆောင်အလုပ်ကို ပြန်လည်လုပ်ကိုင်ရန် အစီအစဉ်မရှိသေးကြောင်း ပြောကြားသည်။

ဝိုင်းစု မရိုက်ဖြစ်တာတောင် ငါးနှစ်လောက်ရှိပြီ၊ ဘာမှဖြစ်လို့တော့မဟုတ်ဘူး၊ ဝိုင်းစုက အဆိုဘက်ကိုပဲ တစိုက်မတ်မတ် လုပ်ချင်လို့ပါ၊ အခု လာခေါ်တဲ့ကားတွေ လည်းရှိတယ်၊ အဲဒီအထဲမှာ ဝိုင်းစုမအားတာတွေလည်း ရှိတယ်၊ တချို့ ဇာတ်လမ်းလေးတွေ အဆင်ပြေတယ်ဆိုရင်တော့ ဝိုင်းစု ရိုက်သွားမှာပါ၊ အဓိကက ကိုယ်ကြိုက်တဲ့ ကာရိုက်တာက လုပ်ကွက်များမများ ဆိုတာထက် သမားရိုးကျမဟုတ်ဘဲနဲ့ နည်းနည်းဆန်းဆန်းလေး ရိုက်ရမယ်ဆိုလို့ရှိရင်တော့ ရိုက်ဖြစ်မယ်ပေါ့၊ ဒါပေမယ့် ဒီဘက်မှာ သီချင်းဆိုဖို့အတွက် အလုပ်လက်မခံထားဘူး၊ မရှိဘူးဆိုရင်ပေါ့၊ ရှိတယ်ဆိုရင်တော့ ဝိုင်းစုက ဂီတဘက်ကို ပိုပြီးဦးစားပေးလိုက်တဲ့အတွက် ဂီတကို ပိုပြီးရွေးချယ်ရမှာပေါ့” ဟု ဝိုင်းစုခိုင်သိန်းက ပြောသည်။

လက်ရှိအချိန်မှာ ပွဲတော်ရာသီဖြစ်၍ ပွဲများ တောက်လျှောက် ဆိုနေကြောင်းနှင့် တစ်ကိုယ်တော်ခွေအတွက်လည်း ပြင်ဆင်မှုများ ပြုလုပ်နေကြောင်း သိရသည်။

ကိုလင်း