နိုင်ဂျီးရီးယားရှိ ဈေးတစ်ခုအတွင်း ကားဝင်တိုက်ရာမှ ၁၄ ဦးသေဆုံး

အဘူဂျာ ၁၅ ဇန်နဝါရီ

နိုင်ဂျီးရီးယားနိုင်ငံ အနောက်တောင်ပိုင်း အီကီတီ ပြည်နယ်ရှိ လူစည်ကားရာ ဈေးတစ်ခုအတွင်းသို့ ကုန်တင်ကားတစ်စီး ဝင်တိုက်မှုဖြစ်ပွားရာ ၁၄ ဦးသေဆုံးခဲ့ကြောင်း နိုင်ဂျီးရီးယားနိုင်ငံ ပြည်တွင်းအာဏာပိုင်များက မကြာသေးမီတွင် ပြောကြားလိုက်သည်။

ပြည်နယ်လမ်းအ္တရာယ် ကင်းရှင်းရေးရဲတပ်ဖွဲ့မှ ရဲအရာရှိဖြစ်သူ ကူဂူအစ်မေးလာက ဈေးတစ်ခုအတွင်း ကုန်တင်ကားဝင်တိုက်မှုဖြစ်စဉ်သည် အီကီတီပြည်နယ် အိုင်ဝူရိုကိုဈေးကြီးအတွင်း ဖြစ်ပွားခဲ့ကြောင်း၊ ယင်း မတော်တဆမှုတွင် မီနီဘတ်စ် နှစ်စီးပါဝင်ပြီး ၁၄ ဦး သေဆုံးခဲ့ကာ အခြားလူ ၁၅ ဦးလည်း ဒဏ်ရာရရှိခဲ့ကြောင်း ပြောခဲ့သည်။

အစ်မေးလာက ကုန်ကားမောင်းသူသည် ကားကို အရှိန်မထိန်းနိုင်ဘဲ လူရှုပ်ထွေးရာ ဈေးအတွင်းသို့ ဝင်တိုက်မိရာမှ ယခုလို မတော်တဆဖြစ်ရပ်ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ပြောခဲ့သည်။ အဆိုပါဖြစ်စဉ်သည် မကြာသေးမီလပိုင်းအတွင်း ဖြစ်ပွားခဲ့သော လူသေဆုံးမှု အများဆုံးဖြစ်စဉ်တစ်ခုဖြစ် ကြောင်း သိရသည်။

ဆင်ဟွာ