နိုင်ငံရေးခိုလှိုခွင့်တောင်းထားတဲ့ ဆော်ဒီနိုင်ငံသူ ကိစ္စ ပြီးပြတ်ရန် ရက်အတန်အသင့် ကြာနိုင်လို့ UNHCR ပြော

၈ ဇန်နဝါရီ 

ထိုင်းနိုင်ငံ ဘန်ကောက်လေဆိပ်မှာ သောင်တင်နေသော အသက် ၁၈ နှစ်အရွယ် ဆော်ဒီအာရေးဘီးယား နိုင်ငံသူ ရာဟပ် မိုဟာမက် အယ် ကွန်နွန် ရဲ့ နိုင်ငံရေးခိုလှုံခွင့် တောင်းခံထားတဲ့ ကိစ္စဟာ ရက်အတော်တန်ကြာနိုင်ကြောင်း ဘန်ကောက်ရှိ ကုလသမဂ္ဂဒုက္ခသည် ကူညီစောင့်ရှောက်ရေး အဖွဲ့က ဒီကနေ့ (အင်္ဂါနေ့) မှာ ပြောကြားလိုက်ပါတယ်။ 

ကွန်နွန်ဟာ ဘန်ကောက်လေဆိပ်ကို ပြီးခဲ့တဲ့ ရုံးပိတ်ရက်က ရောက်ရှိလာပါတယ်။ မိသားစုများက ခန္ဓာကိုယ်ရော စိတ်ပိုင်းဆိုင်ရာပါ နှိပ်စက်ညှင်းပမ်းတဲ့အတွက် ကူဝိတ်မှာ ခရီးသွားနေစဉ် မိသားစုဆီကနေ ထွက်ပြေးလာတာဖြစ်ကြောင်း ကွန်နွန်က ပြောပါတယ်။ 

မနေ့ကအထိ ထိုင်းအာဏာပိုင်တွေက ကွန်နွန်ကို မူရင်းနိုင်ငံကို ပြန်ပို့ဖို့ စီစဉ်ထားပါပေမယ့် ကွန်နွန်ဟာ သူမ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ ကို ဆိုရှယ်မီဒီယာကို အသုံးပြုပြီး ကမ္ဘာတဝန်းက လူထုနဲ့ အဆက်အသွယ်ပြုခဲ့ပါတယ်။ တွစ်တာစာမျက်နှာပေါ်မှာ ဆော်ဒီကို မပြန်ရရေးအတွက် သူမဟာ ဟော်တယ်အခန်းတံခါးကို ပိတ်ထားကြောင်း သူမလွတ်မြောက်ရေးအတွက် ကူညီကြဖို့ ရေးသားခဲ့ပါတယ်။ ဒီလို အကြောင်းအရာတွေကြောင့် သူမဟာ ဆော်ဒီကို ပျံသန်းမယ့်လေယာဉ်ပေါ်မှာ မနေ့က ပါမသွားခဲ့တာကို တွေ့ရပါတယ်။ 

 

mdn

 

တနင်္လာနေ့ ညနေပိုင်းမှာတော့ ထိုင်းအာဏာပိုင်တွေက UNHCR အစောင့်အရှောက်များနဲ့ ကွန်နွန် ကို ဟော်တယ်ကနေ ထွက်ခွာခွင့်ပြုပေးခဲ့ပါတယ်။ UNHCR က တာဝန်ရှိသူတွေက “ထိုင်းအာဏာပိုင်တွေဟာ ကွန်နွန်ရဲ့ ဆန္ဒကို ဆန့်ကျင်ပြီး မလုပ်ခဲ့တဲ့ အတွက် ပျော်ရွှင်ရကြောင်း၊ နိုင်ငံရေးခိုလှုံခွင့်တောင်းခံတဲ့ကိစ္စဟာ ရက်အတန်သင့် ကြာနိုင်ကြောင်း” ပြောပါတယ်။ 

ကွန်နွန် ဆံညှပ်လိုက်တဲ့အတွက် ခြောက်လလောက် အခန်းတစ်ခန်းအတွင်းမှာ သော့ပိတ်ခံရကြောင်း၊ မိသားစုက အရမ်းတင်းကျပ်ကြောင်း၊ အခုလိုအချိန်မှာ သူမကို မူရင်းနိုင်ငံပြန်ပို့ရင် သေချာတာက သူမ ထောင်ဒဏ် ကျခံရမှာဖြစ်ကြောင်း နှင့် ထောင်ဒဏ်က ပြန်လည်လွှတ်မြောက်လာရင် မိသားစုရဲ့ သတ်ဖြတ်မှုခံရနိုင်ကြောင်း၊ သူမရဲ့ မျှော်လင့်ချက်တွေ ဆုံးရှုံးမှာကို ကြောက်လန့်တဲ့အတွက် အခုလို နိုင်ငံရေးခိုလှုံခွင့်တောင်းခံကြောင်း သိရပါတယ်။ 

ကွန်နွန်အကြောင်းကို စိတ်ဝင်စားသူပေါင်း ၈၅,၀၀၀ ကျော်က သူမရဲ့ တွစ်တာအကောင့်ကို follow လုပ်ထား ကြောင်း သိရပါတယ်။  တနင်္လာနေ့ညနေပိုင်းကတော့ ကွန်နွန်က သူမရဲ့အဖေ ဘန်ကောက်ကို ရောက်နေကြောင်း တွစ်တာမှာ ရေးသားထားပါတယ်။ 

MDN
ကိုးကား-AFP

 

mdn