ညောင်လေးပင်မြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ၂၀၁၉ ခုနှစ် တိုးမြင့်ပင်စင်လစာများ စတင်ထုတ်ပေး

ညောင်လေးပင် ၂၁ ဇန်နဝါရီ

 

၂၀၁၉ ခုနှစ် တိုးမြင့်ပင်စင်လစာများအား ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ဇန်နဝါရီ ၂၁ ရက်နေ့မှ စတင်ထုတ်ပေးနေသဖြင့် ပင်စင်စားဝန်ထမ်းများ အဆင်ပြေဝမ်းသာလျက်ကြောင်း သိရသည်။

 

"ကျွန်မတို့ဘဏ်မှာ မြို့ပြပင်စင်၊ ကာကွယ်ရေးပင်စင်၊ နိင်ငံရေးပင်စင်ရယ်ဆိုပြီး ပင်စင်စားဦးရေ ၃၀ဝ၀ ကျော် ခန့်ရှိပါတယ်။ အဲဒီထဲကမှမြို့ပြပင်စင် တိုးမြှင့် ၉၂ ဦးနဲ့ ကာကွယ်ရေးပင်စင် ၂၆ ဦး စာရင်းရောက်ရှိလာ တဲ့ အတွက် ဒီကနေ့ ညနေ ၃ နာရီခွဲအချိန်ထိ တိုးမြင့်ပင်စင်လစာ(၈၅)ဦးနဲ့ တိုးမြင့် စာရင်းထဲ မပါသေးသော ပင်စင်စား ၂၂၀ စုစုပေါင်း ၃၀ဝ ကျော်ခန့် ထုတ်ပေးနိင်ခဲ့ပါတယ်”ဟု မြန်မာ့စီးပွားရေးဘဏ် မန်နေဂျာ ဒေါ်စန္ဒာမြင့်က ပြောသည်။

 

mdn

 

ပင်စင်စား မိဘများပြည်သူများအနေနဲ့ တိုးမြင့်ပင်စင်များ လာရောက်ထုတ်ယူရာတွင် ပင်စင်စမတ်ကဒ်များအပြင် ယခင်ပင်စင်စာအုပ်မူရင်းများကို ယူလာပေးရန် လိုအပ်ကြောင်း သို့မှသာ တိုးမြင့်ပင်စင်လစာသစ်များကို တံဆိပ်တုံးရိုက်နှိပ်ပေး၍ ရပါကြောင်း နောက်ရက်များတွင်လည်း တိုးမြင့်ပင်စင်လစာများအား လျင်မြန်စွာ ထုတ်ယူနိင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မန်နေဂျာ ဒေါ်စန္ဒာမြင့်က ဆက်လက်ရှင်းပြသည်။

 

ပင်စင်စားတစ်ဦးကလည်း "ကျွန်တော်မြို့ပြပင်စင်စားပါ။ တိုးမြင့်ပင်စင်ကျလာတဲ့ စာရင်းထဲမှာ ကျွန်တော့် အမည်ပါလာတဲ့အတွက် ဒီနေ့ပဲ ကျွန်တော် ထုတ်ခွင့်ရပါတယ်။ အဲဒီအတွက် နိင်ငံတော်အစိုးရနဲ့ မြန်မာ့စီးပွားရေးဘဏ်ဝန်ထမ်းများကို အထူးပင်ကျေးဇူးတင်ပါတယ်”ဟု ပြောသည်။

 

နေလင်း(ညောင်လေးပင်)

 

mdn