နယ်စပ်ဒေသများမှ လူငယ်မောင်မယ်များ လေ့လာရေးခရီးစဉ် တတိယနေ့အဖြစ် နေပြည်တော်အတွင်း ဆက်လက်လေ့လာ

နေပြည်တော် ၁၇ ဇန်နဝါရီ 

 

နယ်စပ်ရေးရာဝန်ကြီးဌာန၏ ဖိတ်ကြားချက်အရ နေပြည်တော်သို့ ရောက်ရှိနေသော နယ်စပ်ဒေသများမှ လူငယ်မောင်မယ်များသည် လေ့လာရေးခရီးစဉ် တတိယနေ့အဖြစ် ယနေ့နံနက်ပိုင်းတွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများလိုက်ပါလျက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (MRTV) သို့ သွားရောက်ကြည့်ရှုလေ့လာကြရာ တာဝန်ရှိသူများက သတင်းရိုက်ကူး တည်းဖြတ်ထုတ်လွှင့်ပုံ အဆင့်ဆင့်ကိုလည်းကောင်း၊ တိုင်းရင်းသားရုပ်သံလိုင်း(NRC) ထုတ်လွှင့်နေမှုများနှင့် ရေဒီယိုထုတ်လွှင့်ရေး အစီအစဉ်များကိုလည်းကောင်း လိုက်လံရှင်းလင်းပြသည်။ ယင်းနောက်  လေ့လာရေးအဖွဲ့များ၏  ရိုးရာအကများကို မှတ်တမ်းတင်ရိုက်ကူးခဲ့ကြသည်။

 

111

 

ဆက်လက်၍ လေ့လာရေးအဖွဲ့များသည် မွန်းလွဲပိုင်းတွင် ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်များသို့ သွားရောက်ကြည့်ရှုလေ့လာကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့ပြီး လေ့လာရေးအဖွဲ့ဝင်များက သိရှိလိုသည်များ မေးမြန်းခဲ့ကြသည်။

 

22

 

ထို့နောက် လေ့လာရေးအဖွဲ့များသည် ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီးသို့ သွားရောက်ဖူးမြော် ကြည်ညိုခဲ့ကြပြီး အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ကြသည်။

 

ညနေပိုင်းတွင် နေပြည်တော်ရေပန်းဥယျာဉ်သို့ ဆက်လက်ပို့ဆောင်ပေးခဲ့ရာ ကြည့်ရှုလေ့လာ အပန်းဖြေစေခဲ့ကြောင်း သိရသည်။

 

(သတင်းစဉ်)

 

IMG