နယ်စပ်တံတိုင်းတည်ဆောက်ရေးနှင့်ပတ်သက်၍ ပြည်သူများသို့ ထရန့် မိန့်ခွန်းပြောမည်

၈ ဇန်နဝါရီ

အမေရိကန်-မက္ကဆီကို နယ်စပ်တစ်လျှောက် နံရံတစ်ခုတည်ဆောက်ရေးကိစ္စအတွက် ယနေ့ ပြည်သူများသို့ မိန့်ခွန်းပြောကြားမည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောကြားသည်။

နယ်စပ်ပြဿနာက လူစားချင်းဆိုင်ရာစာနာထောက်ထားမှုနှင့် အမျိုးသားလုံခြုံရေး အကျပ်အတည်းတစ်ရပ်ကို ဖြစ်ပေါ်စေခဲ့သည်ဟု  တနင်္လာနေ့တွင် ထရန်က တွစ်တာတွင် ရေးသားခဲ့သည်။

သမ္မတ ထရန့်သည် နယ်စပ်သို့ ကြာသပတေးနေ့တွင် သွားရောက်မည်ဟု အိမ်ဖြူတော်က ထုတ်ပြန်ခဲ့သည်။

အစိုးရ အုပ်ချုပ်ရေးယန္တရားအချို့ ပိတ်ထားဆဲအခြေအနေတွင် ယင်းအစီအစဉ် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။ သမ္မတ မေတ္တာရပ်ခံသည့်အတိုင်း ရီပတ်ပလစ်ကန်နှင့် ဒီမိုကရက်တစ်အမတ်များသည် နယ်စပ်တံတိုင်းတည်ဆောက် ရေးအတွက် ရန်ပုံငွေထုတ်ပေးရေးတွင် ဘုံသဘောတူညီချက် ရရှိခဲ့ခြင်းမရှိပေ။


ဒီမိုကရက်များနှင့် ညှိနှိုင်းမှုများပြုလုပ်ရာတွင် မည်သည့်ရလဒ်ထွက်ပေါ်လာသည်ဖြစ်စေ အရေးပေါ်အခြေအနေ ကြေညာရန်နှင့် တံတိုင်းတစ်ခုတည်ဆောက်ရန် ၎င်း၏လုပ်ပိုင်ခွင့်အာဏာကို ကျင့်သုံးမည်ဟု ထရန့်က တနင်္ဂနွေနေ့ တွင် ခြိမ်းခြောက်ခဲ့သည်။

တံတိုင်းကို ကွန်ကရစ်တိုင်အစား သံမဏိများဖြင့် တည်ဆောက်မည်ဟု ထရန့်က ပြောကြားခဲ့သည်။

ထရန့်က ပြည်သူများသို့ပြောကြားသည့် မိန့်ခွန်းတွင် နယ်စပ်လုံခြုံရေး ခိုင်မာအားကောင်းအောင်လုပ်ဆောင်ရန် လိုအပ်ပုံကို အလေးထားပြောကြားမည်ဟု မျှော်မှန်းရသည်။ 

ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်

 

mdn