ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

ဟိုပုံး   ၁၁  ဇန်နဝါရီ

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်စံလွင်နှင့် အဖွဲ့ဝင်များ၊ ဟိုပုံးမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ယနေ့ မွန်းလွဲ ၁ နာရီက ဟိုပုံးမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 

mdn

 

ယင်းသို့ စစ်ဆေးရာတွင် စံဖူးကျေးရွာအုပ်စု၊ ဟိုဟွေးကျေးရွာတွင် INDIGO MOUNTAIN (အင်ဒီကိုးမောင်းတိန်း) ကုမ္ပဏီမှ မဲနယ်တောင်ဒေသအတွင်း အထူးတန်းကော်ဖီ (၂.၃) တန် ထုတ်လုပ်မှုနှင့် အခြောက်ခံမှုများ၊ ကျောက္ကချား ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းတွင် ပတ်ဝန်းကျင်ကျေးရွာမှ အ.ထ.က (ကျောက္ကချား) တွင် ပညာသင်ယူ နေသော ကျောင်းသား/သူများ ပညာသင်ကြားနိုင်ရေးအတွက် နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ထောက်ပံ့ရန်ပုံငွေဖြင့် တည်ဆောက်လျက်ရှိသည့် RC နှစ်ထပ်ကျောင်းသားအိပ်ဆောင် ဆောက်လုပ်နေမှု၊ ရှမ်းပြည်နယ်၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ ခွင့်ပြုရန်ပုံငွေဖြင့် အ.ထ.က (ကျောက္ကချား) ကျောင်း ဘောလုံးကွင်း တည်ဆောက်မည့်နေရာနှင့် လျှပ်စစ် နှင့်စွမ်းအင်ဝန်ကြီးဌာနမှ မဲနယ်တောင်တန်းရှိ ကျေးရွာများ လျှပ်စစ်မီးလင်းရေးအတွက် 33 KV ဓါတ်အားခွဲရုံ တည်ဆောက်မည့် စငေါကျေးရွာအုပ်စု၊ နမ့်ဟူးကျေးရွာရှိ တည်နေရာနှင့်  နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ  ဆောင်ရွက်ပေးသည့် 11KV ဓာတ်ကြိုးများ သွယ်တန်း နိုင်ရန် (၁ဝမီတာ)အရှည်ရှိ ဓာတ်တိုင်များတို့အား ကွင်းဆင်း ကြည့်ရှုစစ်ဆေးကာ အရည်အသွေး ပြည့်မီရေး၊ ဒေသခံများသွားလာရလွယ်ကူစေရေး နှင့် လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။

ထက်ထက်(ဟိုပုံး)

 

mdn