ပိုလန် မြို့တော်ဝန် ဓားဖြင့်အထိုးခံရ

၁၄ ဇန်နဝါရီ

 

ပိုလန် နိုင်ငံမြောက်ပိုင်း ဂျီဒက်ခ် မြို့တော်ဝန် ပါဝယ် အာဒါမိုဝစ် သည် ယမန်နေ့က  ဆေးရုံများအတွက် ရန်ပုံငွေပွဲရှာဖွေပွဲတွင် ၎င်းရှိရာ စင်မြင့်ပေါ်သို့လူတစ်ဦးရုတ်တရက်ဝင်ရောက် ဓားဖြင့်ထိုးခဲ့ရာ အခြေအနေစိုးရိမ်ရဟု သိရသည်။

 

ဗွီဒီယို ဖိုင်တွင် တွေ့မြင့်ရသည့် စင်မြင့်ပေါ်တွင် ကိုယ်ထိလက်ရောက် ဓားဖြင့်ထိုးသူကို လုံခြုံရေး အစောင့်များက ထိန်းချုပ်ထားခဲ့ကြောင်း ဖော်ပြထားသည်။အဆိုပါ ရန်ပုံငွေရှာပွဲတွင် လူပေါင်းရာချီ ပါဝင်ဆောင်ရွက် ခဲ့ကြသည်။

 

ယင်းမြို့တော်ဝန် ပါတီတစ်ခုတွင် အာဏာရရှိခဲ့စဉ်က ၎င်းကိုမှားယွင်းထောင်ချခံရသဖြင့် မကျေနပ်၍  ဓားဖြင့်ထိုးခဲ့ကြောင်းနှင့် ထိုသူမှာ အသက်၂၇ နှစ်အရွယ် ဖြစ်ကြောင်း သိရသည်။

 

အာဒါမိုဝစ်သည် ၁၉၈၀ ခုနှစ်များက ပိုလန်ဒီမိုကရေစီလှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြောင်းနှင့် ၁၉၉၈ ခုနှစ်တွင် ဂျီဒက်ခ် မြို့တော်ဝန် အဖြစ်ပထမဆုံးရွေးချယ်ခံခဲ့ရပြီး ဆယ်စုနှစ် နှစ်စုကျော်ကြာ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ကြောင်း ဖော်ပြထားသည်။

 

ကိုးကား အန်အိတ်ချ်ကေ
ဘာသာပြန် မြင့်မြင့်ချို