ပလတ်စတစ် စွန့်ပစ်ပစ္စည်းပြဿနာ ကမ္ဘာ့ကုမ္ပဏီကြီးများ စုပေါင်း ကိုင်တွယ်ဖြေရှင်းမည်

၁၈ ဇန်နဝါရီ

 

မြောက်များလှစွာသော ကုမ္ပဏီကြီးများက သမုဒ္ဒရာညစ်ညမ်းမှုကို အတူလက်တွဲ၍ ကိုင်တွယ်ဖြေရှင်း ကြမည်ဖြစ်သည်။ နယ်ပယ်ပေါင်းစုံမှ ကမ္ဘာ့ကုမ္ပဏီကြီးများစွာသည် အကျိုးအမြတ်မဟုတ်သော အဖွဲ့အစည်း တစ်ခုဖြစ်သည့် ပလတ်စတစ်စွန့်ပစ်ပစ္စည်း တိုက်ဖျက်ရေးမဟာမိတ်အဖွဲ့ကို ဖွဲ့စည်းလျက်ရှိသည်။

 

mdn

 

အဖွဲ့ဝင်များတွင် ထိပ်တန်းကုမ္ပဏီကြီးများဖြစ်သည့် Exxon Mobile, Procter & Gamble နှင့် ဂျပန် ကုမ္ပဏီသုံးခု ပါဝင်သည်။ “စွန့်ပစ်ပလတ်စတစ်နဲ့ ပတ်သက်လို့ စိုးရိမ်ပူပန်မှုတွေရှိနေတဲ့ ကုမ္ပဏီတွေကို ကျွန်တော်တို့နဲ့ပူးပေါင်းဖို့ ဖိတ်ခေါ်ပါတယ်။ ကျွန်တော်တို့ အဓိပ္ပာယ်ရှိတဲ့ မတူညီမှုကို လုပ်ဆောင်နိုင်ပါတယ်။ ဒါဟာ အစပဲရှိသေးပြီး ပတ်ဝန်းကျင်မှာ ပလတ်စတစ် စွန့်ပစ်ပစ္စည်းကို အတူတကွ အဆုံးသတ်နိုင်ပါတယ်” ဟု P & G အမှုဆောင်ချုပ်နှင့် မဟာမိတ်အဖွဲ့ဥက္ကဌ ဒေးဗစ်တေလာက ပြောကြားသည်။

 

mdn

 

ပလတ်စတစ်စွန့်ပစ်ပစ္စည်း ပြန်လည်အသုံးပြုရေး လုပ်ဆောင်ရန် လိုအပ်လျက်ရှိသည့် နည်းပညာနှင့် အခြေခံ အဆောက်အဦ တည်ဆောက်ရန် လာမည့် ၅ နှစ်အတွင်း အမေရိကန်ဒေါ်လာ ၅ ဘီလီယံ ရင်းနှီးမြှပ်နှံမည်ဟု အဆိုပါအဖွဲ့က ပြောကြားသည်။ ထိုသို့ မိတ်ဖက်ဆောင်ရွက်မှုမှာ ပလတ်စတစ် စွန့်ပစ်ပစ္စည်းပြဿနာ ကိုင်တွယ်ဖြေရှင်းရန် စီးပွားရေးလုပ်ငန်းများက ဆောင်ရွက်သည့် နောက်ဆုံးလုပ်ဆောင်ချက်ဖြစ်သည်။
ဒစ္စနေးအပါအဝင် အဓိကကျသော ကုမ္ပဏီများစွာသည် တစ်ခါသုံး ပလတ်စတစ်ပိုက်များ အသုံးပြုမှုကို ပိတ်ပင်မည့် အစီအစဉ်များကို မကြာသေးမီက ကြေညာခဲ့သည်။

 

ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်