ပြန်/ဆက်နှင့် ရှန်တီစေတနာ့ ဝန်ထမ်းအဖွဲ့တို့ ပူးပေါင်း၍ ရွေ့လျားစာကြည့်တိုက်ဆောင်ရွက် 

ညောင်လေးပင်  ၁၂   ဇန်နဝါရီ 

 

ကလေးငယ်များ စာဖတ်စွမ်းရည် တိုးတက်မြင့်မားလာစေရေးအတွက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ရှန်တီစေတနာ့ဝန်ထမ်းအဖွဲ့တို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုများကို ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များ၌ ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၁၁ ရက်က  ညောင်လေးပင်မြို့ မြို့မ(၅)ရပ်ကွက် မူလွန်-ငှက်ပျောတောစုကျောင်းနှင့် ကြိုးကြာကွင်းကျေးရွာ မူလွန်ကျောင်းတို့၌  ရွေ့လျားစာကြည့်တိုက် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

2019011

 

ရွေ့လျားစာကြည့်တိုက် ဆောင်ရွက်ပေးရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်နီနီဝင်း၊ ဓာတ်ပုံကျွမ်းကျင်-၂ ဦးသက်လွင်နှင့် စာထောက်-၃ ဒေါ်မိုးစန္ဒာဝင်းတို့က ကျောင်းသားကျောင်းသူများကို  ရုပ်ပုံစာအုပ်၊ ဘုတ်ပြားပြဇာတ်၊ စက္ကူပြဇာတ်တို့ဖြင့် ပုံပြင်ပြောခြင်း၊ အားကစားလှုပ်ရှားမှုများ ဆောင်ရွက်ပေးခြင်း၊ စာအုပ်များငှားပေးခြင်းတို့ ဆောင်ရွက်ပေးကြသည်။

 

20190111_1

 

ရှန်တီစေတနာ့ဝန်ထမ်းအဖွဲ့သည် နားလည်မှုစာချွန်လွှာ  MoU လက်မှတ်ရေးထိုးထားသည့် အဖွဲ့ဖြစ်ပြီး တစ်မြို့နယ်လျှင် စာအုပ်စင်ပါ သုံးဘီးဆိုင်ကယ်တစ်စီး၊  ဂျပန်နိုင်ငံနှင့်ထိုင်းနိုင်ငံတို့မှ ဘာသာပြန်ပုံပြင်၊ ရုပ်ပြ၊ သုတ စာအုပ်များပါဝင်သည့် စာအုပ် ၁၀၃ အုပ်ပါ စာအုပ်ပုံး ငါးပုံး ပံ့ပိုးပေးထားပြီး သက်ဆိုင်ရာ မြို့နယ်ပြန်/ဆက်ရုံးများက တစ်လလျှင် စာသင်ကျောင်း (၅)ကျောင်း စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုများဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် ပြန်/ဆက်မှ သိရသည်။

 

MDN

 

received_8094