ပညာပေးဟောပြောပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲ မြိတ်ခရိုင်တွင် ကျင်းပ

မြိတ်  ၁၂  ဇန်နဝါရီ 

 

ကျောင်းသားကျောင်းသူများ စာဖတ်စွမ်းရည်မြင့်မားရေးနှင့် အပြောစွမ်းရည်မြင့်မားရေးအတွက် ပညာပေး ဟောပြောပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲကို ဇန်နဝါရီ ၁၁ ရက်၊ မွန်းလွဲ ၁ နာရီက မြိတ်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကျင်းပသည်။

 

DSC

 

ရှေးဦးစွာ မြိတ်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးအရာရှိ ဒေါ်ခင်သန္တာထွေးက တခြားသူမှရသည့်ပညာနှင့် ကိုယ်တိုင်ရှာဖွေသည့်ပညာ ခေါင်းစဉ်ဖြင့် ငယ်စဉ်ကတည်းက စာပေဖတ်ရှုလေ့လာသည့် အကျင့်ကို ပျိုးထောင်ပြီး အစဉ်ဗဟုသုတရှာမှီးရန်လိုအပ်ပုံကို ပညာပေးဟောပြောသည်။

 

ထိုနောက် ဆရာကြီးမင်းသုဝဏ်၏ တင်ကျီးတစ်ဝမ်း ဗျိုင်းတစ်ဝမ်း ကလေးကဗျာဖြင့် အထက(၃)မှ ပဉ္စမတန်း ကျောင်းသားကျောင်းသူများမှ သီဆိုယှဉ်ပြိုင်ကြပြီး မြိတ်ခရိုင်ပြန်/ဆက်ဦးစီးအရာရှိနှင့် အထက(၃)မှ ဆရာမများမှ ဆုများအသီးသီးချီးမြှင့်ခဲ့ကြောင်း သိရသည်။

 

ဇော်မျိုးနိုင်(မြိတ်ခရိုင်ပြန်/ဆက်)

 

DSC08