ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင် ဂျပန်နိုင်ငံအထက်လွှတ်တော်အမတ် Mr.ShunsukeYakei ဦးဆောင်သောဂျပန် ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံ

နေပြည်တော်  ၂၀  ဇန်နဝါရီ 

 

ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ အင်းလျားလိတ်ဟိုတယ်၌ ဂျပန်နိုင်ငံ အထက်လွှတ်တော်အမတ် Mr.ShunsukeYakei နှင့်အဖွဲ့အားတွေ့ဆုံ၍ နှစ်နိုင်ငံကြားခရီးသွားလုပ်ငန်း မြှင့်တင်နိုင်ရေး ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများကို တွေ့ဆုံဆွေးနွေးသည်။

 

တွေ့ဆုံစဉ် ခရီးသွားလုပ်ငန်းဆိုင်ရာ ဘာသာရပ်များကိုသင်ကြားနေသည့် ကောလိပ်များ ရန်ကုန်နှင့်မန္တလေးမြို့တို့တွင် ဖွင့်လှစ်ထားပြီးသင်ကြားနေမှု၊  ဂျပန်နိုင်ငံမှခရီးသွားများ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ရာတွင် အဆင်ပြေချောမွေ့စေရေးအတွက် ဗီဇာဖြေလျော့မှု ခရီးစဉ်ဒေသများအကြောင်း ပိုမိုသိရှိနိုင်ရေးအတွက်ခရီးသွားလုပ်ငန်းဆိုင်ရာသံတမန် (Tourism Ambassador ) များခန့်အပ်၍လည်း ဆောင်ရွက်ထားပါကြောင်း၊ သို့ဖြစ်ပါ၍ ဂျပန်ကမ္ဘာလှည့်ခရီးသွားများ မြန်မာနိုင်ငံသို့ ပိုမိုဝင်ရောက်လာနိုင်မည်ဖြစ်ပါကြောင်း စသည်ဖြင့်ပြောကြားခဲ့သည်။

 

ထို့နောက် ဂျပန်နိုင်ငံအထက်လွှတ်တော်အမတ် Mr.ShunsukeYakei မှ ဂျပန်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံအပေါ် ထောက်ခံအားပေးသွားမည် ဖြစ်ပါကြောင်း၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အကူအညီပေးသွားမည် ဖြစ်ပါကြောင်း၊ ဂျပန်နိုင်ငံသား ခရီးသွားများ မြန်မာနိုင်ငံသို့ ပိုမိုလည်ပတ်ရေးအတွက်လည်း ကူညီဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ Hospitality ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အကူအညီပေးမည်ဖြစ်ပါကြောင်း စသည်ဖြင့်ပြောကြားခဲ့သည်။

 

ထို့နောက် တွေ့ဆုံပွဲကို နေ့လယ်ပိုင်းတွင် ရုပ်သိမ်းခဲ့ပြီးအဆိုပါတွေ့ဆုံပွဲသို့ ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် ဂျပန်နိုင်ငံအထက်လွှတ်တော်အမတ်နှင့်အတူ ဂျပန်သံရုံးမှ တာဝန်ရှိသူများ၊ ဂျပန်နိုင်ငံခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် တာဝန်ရှိသူများနှင့် ဂျပန်ခရီးသွားလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။

 

MDN

 

DSC_0426.JP