ပျဉ်းမနား   ဇန်နဝါရီ   ၇

ပြည်ထောင်စုနယ်မြေ   နေပြည်တော် ပျဉ်းမနားမြို့ သစ်လေးလုံးနှင့်  နတ်သရဲကျေးရွာ တောင်သူများ၏ ဆောင်းဆီထွက်သီးနှံ နေကြာနှင့် မတ်ပဲများ စိုက်ပျိုးထားရှိမှုအခြေအနေများကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီဝင်   ဗိုလ်မှူးကြီး ရဲမိုးနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ဦးစွာ နေပြည်တော်ကောင်စီဝင်နှင့် တာဝန်ရှိသူများသည် ပျဉ်းမနားမြို့  သစ်လေးလုံးကျေးရွာရှိ  ဆောင်းဆီထွက်သီးနှံ နေကြာနှင့် မတ်ပဲစိုက်ခင်းသို့ရောက်ရှိပြီး သီးနှံများ အောင်မြင်ဖြစ်ထွန်းနေမှုကို ကြည့်ရှုကာ လိုအပ်သည့် သွင်းအားစုများကို စနစ်တကျထည့်သွင်းပြီး  ပိုးမွှားရောဂါကျရောက်မှု မဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ထားရှိရန် တာဝန်ရှိသူများနှင့် တောင်သူများအား မှာကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီဝင်နှင့်  တာဝန်ရှိသူများသည်   နတ်သူရဲကျေးရွာရှိ တောင်သူများနှင့်အတူ စိုက်ခင်းများအတွင်း လှည့်လည်ကြည့်ရှုပြီး ဆောင်းဆီထွက်သီးနှံ နေကြာနှင့် မတ်ပဲများ  အရည်အသွေးကောင်းမွန်ပြီး အထွက်နှုန်းမြင့်မားစေရေးအတွက် ပိုးမွှားရောဂါကျရောက်မှုမဖြစ်ပွားစေရေးကို သက်ဆိုင်ရာ စိုက်ပျိုးရေးဦးစီးဌာနနှင့် တောင်သူများ ပူးပေါင်းဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)