ပုပ်ရဟန်းမင်းကို ရော့ခ်ကာသီလရှင်တွေက ပနားမားနိုင်ငံမှာ ဖျော်ဖြေမယ်

mdn

၁၈ ဇန်နဝါရီ

ယူကျူ နဲ့ စပေါ့တီဖိုင်း ပေါ်မှာ သန်းချီတဲ့ပရိသတ်တွေ စိတ်ဝင်တစားကြည့်ရှုနေတဲ့ ရော့ခ်ကာ သီလရှင်ငယ် တွေရဲ့ တီးဝိုင်းဟာ  လာမယ့်သီတင်းပတ်မှာ ပနားမားနိုင်ငံကို လာရောက်လည်ပတ်မယ့် ပုပ်ရဟန်းမင်း နဲ့ ထောင်ချီတဲ့ ကတ်သလစ်ဘာသာဝင် ကို ဖျော်ဖြေမယ်လို့ သတင်းရရှိပါတယ်။ 

 

mdn

 

ရော့ခ်ကာ သီလရှင်ငယ် တွေစုစည်းထားတဲ့ တီးဝိုင်းဟာ ဘုရားသခင်ရဲ့အပါးတော် ညီမများ (the Sisters of the Servants of the Plan of God) လို့ အမည်ပေးထားပေမယ့် အပါးတော်များ (Servants) လို့သာ လူသိများပါတယ်။ 

 

ကော်စတာရီကာ နိုင်ငံက ဒရမ်တီးခတ်သူ စစ်စတာ ဒန်နီရယ်လာ က  “သူတို့က ဂီတတစ်ခုတည်းကို လုပ်ဆောင်တာ မဟုတ်ဘဲ ဘုရားသခင်ရဲ့ စကားလုံးတွေကို ယူဆောင်လာတာသာဖြစ်တယ်။ ထောင်တွေ နဲ့ မသန်စွမ်းတွေဆီကို ဘုရားသခင်ရဲ့ ချီးမွန်းတော်တွေ ယူဆောင်တာမျိုးကို လုပ်ဆောင်တာပါ”လို့ ပြောပါတယ်။ 

 

mdn

 

ပနားမားခရီးစဉ်အတွင်းမှာ အမျိုးသမီးထောင်ကို သွားရောက်ပြီး ဖျော်ဖြေမှာ ဖြစ်သလို ကလေးဆေးရုံ ရဲ့ ကင်ဆာရောဂါကုဌာနနဲ့ ကျောင်းတွေမှာလည်း လိုက်လံဖျော်ဖြေဖို့ပြင်ဆင်ထားကြောင်းသိရပါတယ်။ 

 

ဒီတီဝိုင်းမှာ ဂျပန်၊တရုတ်၊ ချီလီ၊ အီကွေဒေါ နဲ့ ကော်စတာရီကာနိုင်ငံများမှ ခရစ်ယန်သီလရှင်များ ပါဝင်တာကိုတွေ့ရပြီး ၂၀၁၄ ခုနှစ်က ပီရူးနိုင်ငံ လီမာမြို့စတင် တည်ထောင်ခဲ့ပါတယ်။ အမေရိကန်နိုင်ငံအပါအဝင် နိုင်ငံပေါင်း ၁၁ နိုင်ငံကို သွားရောက်ဖျော်ဖြေပြီးပြီလို့ သိရပါတယ်။

 

mdn

 

MDN
ကိုးကား-AFP