ရော်နယ်ဒို အခွန်ရှောင်တဲ့အတွက် အမေရိကန်ဒေါ်လာ သန်းချီပြီး ဒဏ်ငွေဆောင်ရန်ရှိ

၂၂ ဇန်နဝါရီ

ပေါ်တူဂီအသင်းရဲ့ကြယ်ပွင့် ခရစ်တီယန်နို ရော်နယ်ဒို စပိန်နိုင်ငံ မက်ဒရစ်တရားရုံးမှာ စပိန်နိုင်ငံရဲ့ အခွန်စည်းမျဉ်းစည်းကမ်းနဲ့ပတ်သတ်ပြီး ဒီကနေ့ (အင်္ဂါနေ့)မှာ တရားရင်ဆိုင်ဖို့ရှိနေပါတယ်။

အခွန်ဆောင်ရာတွင် အမှားအယွင်းရှိတဲ့အတွက် ဒဏ်ကြေးအဖြစ် အမေရိကန်ဒေါ်လာ ၂၁.၄ သန်း အထိ ပေးဆောင်ရမယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဒေသစံတော်ချိန် မနက် ၉:၅၀ တွင် ရော်နယ်ဒိုဟာ တရားရုံးသို့ ရောက်ရရှိရမှာဖြစ်ပြီး မိနစ်အနည်းငယ် တရားရုံးမှာ ရှိနေရမှာဖြစ်ပါတယ်။

ရွှေကမ္ဘာလုံးဆု (၅)ကြိမ်ပိုင်ရှင် ရော်နယ်ဒိုရဲ့ရှေ့နေက တရားရင်ဆိုင်ဖို့ လာစဉ်မှာ တရားရုံးအတွင်းသို့ ရော်နယ်ဒို ကားနှင့် ဝင်ရောက်ခွင့်တောင်းဆိုရာ တရားသူကြီးက ရော်နယ်ဒိုဟာ နာမယ်ကြီးတစ်ယောက်ဖြစ်ပေမယ့် တရားရုံးရဲ့ လုံခြုံရေးကို ညှိနှိုင်းခွင့်မရှိကြောင်း ပြောဆိုပြီး ပယ်ချခံခဲ့ရသလို အွန်လိုင်းဗီဒီယိုကနေ တရားရင်ဆိုင်ခွင့်ကိုပါ ပယ်ချခံခဲ့ရပါတယ်။

၂၀၁၇ခုနှစ် ဇွန်လကတည်းက ရော်နယ်ဒိုကို တရားစွဲခံခဲ့ရတာဖြစ်ပြီး ဇူလိုင်လမှာ တရားရုံးတွင် စစ်ဆေးခံခဲ့ရကြောင်း သိရပါတယ်။

အခွန်ကိစ္စနဲ့ တရားရုံးရောက်တာ ရော်နယ်ဒို တစ်ယောက်တည်းတော့ မဟုတ်ပါဘူး။ ၂၀၁၆ ခုနှစ်က မက်ဆီကိုလည်း အခွန်ရှောင်မှုနဲ့ ဒဏ်ကြေး ယူရိုငွေ ၂ သန်း ပေးဆောင်ရပြီး ထောင်ဒဏ် ၂၁ လ ကျခံခဲ့ရပါတယ်။ နောက်ပိုင်းတွင် ထောင်ဒဏ်ကို ဒဏ်ကြေးအဖြစ်လျှော့ချပြီး ထောင်ဒဏ်တစ်ရက်ကို ယူရိုငွေ ၄၀ဝ နှုန်းနဲ့ ၂၁ လအတွက် ယူရိုငွေ ၂၅၂,ဝ၀ဝ ကို မက်ဆီ ပေးဆောင်ခဲ့ရဖူးပါတယ်။

MDN
ကိုးကား -AFP

 

mdn