Realme စမတ်ဖုန်းသစ်ကို မတူညီသော ပုံစံသစ်ဖြင့် OPPO က မိုဘိုင်းလ်လောကသို့ ပို့ဆောင်ပေးလိုက်ပြီ

ကမ္ဘာ့စမတ်ဖုန်းလောကအတွက် အမှတ်တံဆိပ်တစ်ခုအဖြစ် ရပ်တည်ပြီး မတူထူးခြားသည့် ထုတ်ကုန် အရည်အသွေးများကို မျိုးဆက်သစ်လူငယ်ထုအတွက် အလေးထားမိတ်ဆက်ပေးရန် ရည်ရွယ်ချက်ဖြင့် Realme စမတ်ဖုန်းအမှတ်တံဆပ်သစ်ကို မိုဘိုင်းလ်လောကသို့ OPPO က မိတ်ဆက်ပေးလိုက်ပြီဖြစ်သည်။

OPPO ၏ ဒုတိယဥက္ကဋ္ဌ Sky Li u OPPO  မှ တရားဝင်ထွက်ခွာကာ ပိုမိုဆန်းသစ်သော စိတ်ကူးစိတ်သန်းများဖြင့် ၎င်း၏ တစ်ကမ္ဘာလုံးတွင် တွေ့ကြုံဖြတ်သန်းခဲ့ရသည့် အတွေ့အကြုံများကိုအခြေခံကာ Realme စမတ်ဖုန်းအမှတ်တံဆိပ်သစ်ကို မေ ၄ ရက် ၂၀၁၈ (National Youth Day of China) နေ့တွင် တရားဝင်မိတ်ဆက် ပေးခဲ့ပြီဖြစ်သည်။ Realme ၏ CEO အသစ်ဖြစ်သူ Sky Li နှင့်အတူ နိုင်ငံတကာ မိုဘိုင်းလ်လောကတွင် အတွေ့အကြုံကောင်းများစွာရှိထားကြသည့် လူငယ်တစ်စုတို့က ပိုမိုကျယ်ပြန့်သည့် အွန်လိုင်းစီးပွားရေးနယ်ပယ်တွင် ခေတ်မီဆန်းသစ်သည့် ဒီဇိုင်းနှင့် ပိုမိုမြင့်မားသည့် စွမ်းဆောင်ရည်တို့ ပေါင်းစပ်ပေးထားသော Realme ထုတ်ကုန်များကို လူငယ်မျိုးဆက်များအတွက် ဦးတည်ကာ ဖန်တီးထုတ် လုပ်ပေးသွားမည်ဖြစ်သည်။

ပထမဆုံးစမတ်ဖုန်းသစ်ဖြစ်သည့် Realme ၁ ကို မေလ ၂၀၁၈ က အိန္ဒိယနိုင်ငံတွင် စတင်မိတ်ဆက်ပေးခဲ့ပြီး ကောင်းမွန်သည့် ရလဒ်များနှင့်အတူ မိုဘိုင်းလ်စာမျက်နှာသစ်ကိုပါ ဖွင့်လှစ်ပေးနိုင်ခဲ့သည်။ တစ်ကမ္ဘာလုံးရှိ မိုဘိုင်းလ်ဖုန်းသုံးစွဲသူများ၏ တောင်းဆိုချက်များကို ဖြည့်ဆည်းပေးနိုင်စေရန်နှင့် ကမ္ဘာ့စမတ်ဖုန်း ဇာတ်ခုံကိုပါ လှုပ်ခတ်သွားစေရန် အကောင်းဆုံးထုတ်ကုန်များဖြင့် ပြင်ဆင်ပေါ်ထွက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ Realme အနေဖြင့် တစ်မူကွဲပြားသည့် စီးပွားရေးလုပ်ငန်းပုံစံဖြင့် မိုဘိုင်းလ်ဈေးကွက်၏ လိုအပ်ချက်များကို အလေးထား လုပ်ဆောင်သွားမည်ဖြစ်ပြီး Realme အမှတ်တံဆိပ်၏ အနှစ်သာရများဖြစ်ကြသည့် ငယ်ရွယ်နုပျိုခြင်း၊ ခေတ်ဆန်ဖက်ရှင်ကျခြင်း၊ ရိုးသားပွင့်လင်းခြင်း၊ ခမ်းနားထည်ဝါလှပခြင်း ဝိသေသများဖြင့် ၂၀၁၈ မှ စတင်ကာ မိုဘိုင်းလ်လောကအတွက် သမိုင်းတစ်ခေတ်ကို စတင်ဖွင့်လှစ်လျှောက်လှမ်းလိုက်ပြီဖြစ်ကြောင်း သိရသည်။

မိုးမခ