ရွှေ့ပြောင်းလုပ်သားများတင်ဆောင်လာသော  လှေနစ်မြုပ် မိန်းကလေးတစ်ဦး သေဆုံး

၁၅ ဇန်နဝါရီ

တူရကီ အေအီးဂျင် ကမ်းလွန်ပင်လယ်ပြင်တွင် ဂရိကျွန်းသို့ရွှေ့ပြောင်းလုပ်သားများတင်ဆောင်လာသော  လှေနစ်ကာ လေးနှစ်အရွယ် မိန်းကလေးငယ်တစ်ဦး  ရေနစ်သေဆုံးခဲ့ကြောင်း သိရသည်။

အေဒင် ပြည်နယ်အနောက်တောင်ပိုင်း ကူဆာဒါစီ  အပန်းဖြေ မြို့တော်အနီးတွင် လှေနစ်မြုပ်ခဲ့သည်ဟု အန်တီဗွီ ရုပ်သံလွှင့်ဌာနက သတင်းဖော်ပြခဲ့သည်။

တူရကီ ကမ်းခြေစောင့် တပ်ဖွဲ့က ရွှေ့ပြောင်းလုပ်သား ၄၀ ဦးကို ကယ်တင်နိုင်ခဲ့ကြောင်းနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေပြီး ယင်းလှေပေါ်တွင် လူမည်မျှပါရှိသည်ကို လောလောဆယ်မသိရှိရသေးကြောင်း  အန်တီဗွီ သတင်းဌာနက ထပ်လောင်းပြောကြားခဲ့သည်။

တူရကီမှ  ဂရိနိုင်ငံသို့ ထွက်ခွာလာသော ရွှေ့ပြောင်းလုပ်သားများမှာ ယခုနှစ် ပထမဆုံး ၁၅ ရက်တွင် စုစုပေါင်း ၃၉၈ ဦး ရှိပြီဖြစ်ကြောင်း တူရကီ ကမ်းခြေစောင့်အဖွဲ့ ထုတ်ပြန်သော ကိန်းဂဏန်းများအရ သိရသည်။

တရားမဝင် ဝင်ရောက်မှု လျှော့ချရေးအတွက် ၂၀၁၆ ခုနှစ်က တူရကီသည် ဥရောပသမဂ္ဂနှင့်အတူ သဘောတူညီမှု လက်မှတ်ရေးထိုးခဲ့ကြကြောင်း ဖော်ပြထားသည်။

ကိုးကား ဆင်ဟွာ
ဘာသာပြန် မြင့်မြင့်ချို