သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် မီးဘေးလုံခြုံရေး အသိပညာပေး 

ဝက်လက် ၂၂  ဇန်နဝါရီ 


စစ်ကိုင်းတိုင်းဒေသကြီး ဝက်လက်မြို့ မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမောင်းနိန်းနှင့် တပ်ဖွဲ့ဝင်များသည် ဇန်နဝါရီလ ၂၁ ရက် နံနက် ၁၀ နာရီက ရွာနန်းကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းတွင် သဘာဝ ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။


အသိပညာပေး ဟောပြောရာတွင် မြို့နယ်ဦးစီးမှူး ဦးမောင်းနိန်းနှင့် တပ်ဖွဲ့ဝင်များသည် ရွာနန်း၊ ပေါက်ကန်နှင့် ရွာသစ် ကျေးရွာများ အတွင်းရှိ လူနေအိမ်များအား မီးဘေးလုံခြုံရေးအတွက် တစ်အိမ်းဆင်း၊ တစ်အိမ်တက် မီးဘေးလုံခြုံ အသိပညာပေးခြင်း၊ အရေးပေါ်ကိစ္စများ ပေါ်ပေါက်ပါက ဆက်သွယ်နိုင်ရန် မီးသတ်ဦးစီးဌာန၏ ဖုန်းနံပါတ်များ ကပ်ပေးခြင်း၊ အသိပညာပေး လက်ကမ်းစာစောင်းများ ဖြန့်ဝေပေးခြင်းများကို ပြုလုပ်ခဲ့သည်။ 


ထို့အပြင် ကျေးရွာများ အတွင်းရှိ လမ်းဘေး၊ ဝဲယာများတွင် "မီးသတိပြု" ဆိုင်းဘုတ်များ ကပ်ပေးခြင်း၊ ဒေသ အရန်မီးသတ်တပ်ဖွဲ့ဝင်များ ဖွဲ့ပေးကာ၊ အရန် မီးသတ်တပ်ဖွဲ့ဝင်၏ လုပ်ငန်းတာဝန်များကို ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။ 


စိုးစိုးလှိုင်(ပြန်/ဆက်)