“သွေးချင်းတို့ရဲ့ပွဲတော်ဆီ’’ အကပဒေသာဖျော်ဖြေပွဲတွင် ဓနုတိုင်းရင်းသားရိုးရာအကအဖွဲ့  ပါဝင်ဖျော်ဖြေမည်

ပင်းတယ ၁၇  ဇန်နဝါရီ

ရန်ကုန်တိုင်းဒေသကြီးကျိက္ကဆံကွင်း၌ ဇန်နဝါရီလ ၂၅ ရက်နေ့မှ ၃၀ ရက်နေ့အထိ နံနက် ၁၁ နာရီမှ ည ၁၁ နာရီထိ မြန်မာနိုင်ငံ တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းမြင့်တင်ရေးအဖွဲ့မှ ကြီးမှူး ကျင်းပသည့် “သွေးချင်း တို့ရဲ့ပွဲတော်ဆီ”တိုင်းရင်းသား များ၏ ရိုးရာအကပဒေသာဖျော်ဖြေပွဲကြီး၌ ဓနုတိုင်းရင်းသား ကိုယ်စားပြုအကအဖွဲ့လည်း ပါဝင်ဖျော်ဖြေသွားမည် ဖြစ်ကြောင်းသိရသည်။

အဆိုပါ အကပဒေသာပွဲကြီးတွင် ဓနုတိုင်းရင်းသားများ၏ ကိုယ်စားပြုအကအဖွဲ့များဖြစ် သည့် ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့မှ ဓနုတိုင်းရင်းသားများ၏ ရိုးရာအမွေ ကျားမင်းတောင်ရိုးဓနုသိုင်းအကအဖွဲ့၊ နောင်ချိုမြို့နယ် ဟိုခိုကျေးရွာမှ ရိုးရာအမွေ ဓနုတိုင်းရင်း သားရိုးရာယဉ်ကျေးမှု ထိန်းသိမ်း စောင့်ရှောက်ရေးအက အဖွဲ့တို့ ပူးပေါင်း၍ မီးတုတ်သိုင်း၊ မီးကြိုး သိုင်း၊ ဓားသိုင်း၊ လက်သိုင်းအကများနှင့် ဓနုရိုးရာအကအလှများ၊ ရိုးရာသံချပ်ကဗျာများနှင့် ဓနုရိုးရာအိုးစည်ဆိုင်းတို့ပါဝင်သည့် ‘’ ရိုးရာမပျက်ဓနုခြေလက်သိုင်းကကွက်’’ အကအလှများ ဖြင့် ကပြဖျော်ဖြေ သွားမည်ဖြစ်ကြောင်း သိရသည်။

ခင်မျိုးနွယ်(ပင်းတယ)