သုံးစွဲရန်မသင့်သော အလှကုန်ပစ္စည်းများကို အများပြည်သူ သိရှိရန် အသိပေးကြေညာ

နေပြည်တော် ၁၅ ဇန်နဝါရီ


ပြည်သူများ အရည်အသွေး စစ်မှန်ကောင်းမွန်၍ ကျန်းမာရေးအတွက် ဘေးအန္တရာယ် ကင်းရှင်းသော အလှကုန်ပစ္စည်းများကို အသုံးပြုနိုင်ရေးအတွက် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ပြည်တွင်းဈေးကွက်အတွင်း ရောင်းချလျက်ရှိသည့် အလှကုန်ပစ္စည်းများကို စစ်ဆေးလျက်ရှိရာ အောက်ဖော်ပြပါ အလှကုန်ပစ္စည်း ၃ မျိုးသည် အစားအသောက်နှင့်ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန၌ မှတ်တမ်းတင်ထားခြင်းမရှိသည့်အပြင် ကျန်းမာရေးအတွက် ဘေးအန္တရာယ် ဖြစ်စေနိုင်သော တားမြစ်ဓါတုပစ္စည်း(Mercury) ပါဝင်နေကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် အများပြည်သူလူထု သုံးစွဲရန်မသင့်တော်ကြောင်း အသိပေးနှိုးဆော်ထားသည်။

20190115-


တားမြစ်ဓါတုပစ္စည်းများ(Mercury)သည် အရေပြားယားယံခြင်း၊ ရောင်ရမ်းခြင်း၊ အဖြူအနီကွက်များ ဖြစ်ခြင်း၊ အရေပြားမှတစ်ဆင့် ခန္ဓာကိုယ်အတွင်းသို့စုပ်ယူ၍ ထုံကျင်ခြင်း၊ ကြွက်သားတုန်ခါခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ခေါင်းကိုက်ခြင်းနှင့် စိတ်ကျရောဂါများအပြင် ရေရှည်သုံးစွဲပါက ကျောက်ကပ်ပျက်စီးခြင်းနှင့် အခြားရောဂါများ ဖြစ်ပွားနိုင်သည်။ 


အလှကုန်ပစ္စည်း တင်သွင်း၊ ဖြန့်ဖြူး၊ ရောင်းချသည့်ကုမ္ပဏီနှင့် လက်လီလက်ကား ဆိုင်များသည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတွင် မှတ်တမ်းတင်ထားခြင်းမရှိသော အများပြည်သူသုံးစွဲရန် မသင့်ကြောင်း ကြေညာထားသည့် အလှကုန်ပစ္စည်းများ တင်သွင်း၊ ဖြန့်ဖြူး၊ ရောင်းချခြင်းများကို ကျင့်ဝတ်(Ethic) အရ လုံးဝမပြုလုပ်ရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းက ပြည်သူ့ကျန်းမာရေး ဆိုင်ရာ ဥပဒေပုဒ်မ ၃၊ အပိုဒ် (၃)(ဃ)အရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း  ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ အသိပေးထားသည်။


MDN