ထရီဇာမေ အစိုးရကို အယုံအကြည်မရှိကြောင်း မဲခွဲဆုံးဖြတ်ရာ အစိုးရ အနိုင်ရ 

၁၇ ဇန်နဝါရီ

ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေ ဦးဆောင်တဲ့ အစိုးရကို အယုံအကြည်မရှိကြောင်း အဆိုကို မနေ့ညပိုင်းက မဲခွဲဆုံးဖြတ်ရာ အစိုးရအဖွဲ့က အနိုင်ရရှိခဲ့ပါတယ်။

 

mdn

 

မနေ့ညပိုင်းက မဲခွဲဆုံးဖြတ်ရာ အစိုးရကို ထောက်ခံမဲ ၃၂၅ မဲနဲ့ ကန့်ကွက်မဲ ၃၀၆ မဲရရှိပြီး အစိုးရ က ပွတ်ကာသီကာ အနိုင်ရခြင်းဖြစ်ပါတယ်။  အစိုးရကို အယုံအကြည်မရှိကြောင်း လွှတ်တော်မှာ မဲခွဲဆုံးဖြတ်တာဟာ ၂၆ နှစ်အတွင်းမှာ အခုကြိမ်ဟာ ပထမအကြိမ်ဖြစ်ခဲ့ပါတယ်။ 

 

ဝန်ကြီးချူပ်အဖြစ် ဆက်လက် တာဝန်ထမ်းဆောင်မယ့် ထရီဇာမေက ဥရောပသမဂ္ဂကနေ ဗြိတိန်ခွဲထက်ရေး ဘရစ်ဇစ်( Brexit) သဘောတူညီချက်ကို ဆက်လက် လုပ်ဆောင်ဖို့အတွက် ပါတီပေါင်းစုံကို ဖတ်ခေါ်ခဲ့ရာ စကော့တလန် အမျိုးသားပါတီ၊ ဝေးလ် အမျိုးသားပါတီနဲ့ ဥရောသမဂ္ဂအတွင်းမှာ ဗြိတိန်ကို လက်ရှိထောက်ခံတဲ့ လစ်ဘရယ် ဒီမိုကရက် ပါတီ ခေါင်းဆောင်တွေ တက်ရောက်ခဲ့ပေမယ့် အတိုက်ခံပါတီ လေဘာပါတီ ခေါင်းဆောင် တက်ရောက်ခြင်းမရှိတာကို တွေ့ရပါတယ်။  

 

mdn

 

အတိုက်ခံပါတီ ခေါင်းဆောင်တွေက အစည်းဝေးကို မတက်ရောက်ခဲ့ပေမယ့် ဘရစ်ဇစ် (Brexit) သဘောတူညီချက် ကို မူလအတိုင်း မတ် ၂၉ နေ့မှာ မလုပ်ဘဲ ရက်ရွှေ့ဆိုင်းရန်၊   ဗြိတိန်အနေနဲ့ ဥရောပသမဂ္ဂကနေ ခွဲထွက်မယ်ဆိုရင် ဘာသဘောတူညီချက်မှ မလုပ်ဘဲ ထွက်လာရေးလုပ်ဆောင်ရန် အစိုးရကို တောင်းဆိုထားပါတယ်။ 

 

mdn

 

MDN
ကိုးကား-AFP