ထရီဇာမေရဲ့ ဘရစ်ဇစ် (Brexit) သဘောတူညီချက်ကို ဗြိတိန်ပါလီမန်ပယ်ချ

၁၆ ဇန်နဝါရီ

ဥရောပသမဂ္ဂကနေ ဗြိတိန်ခွဲထွက်ရေး (ဘရစ်ဇစ် -Brexit) သဘောတူညီချက်ကို မနေ့က ကျင်းပတဲ့ ဗြိတိန်ပါလီမန်ကနေ ပယ်ချလိုက်ပြီးဝန်ကြီးချုပ် ထရီဇာမေရဲ့ဦးဆောင်မှုကို အယုံအကြည်မရှိကြောင်း အဆိုကို လေဘာပါတီခေါင်းဆောင် ဂျယ်ရမီ ကိုဘင် က တင်သွင်းရာ ဒီကနေ့ ဇန်နဝါရီ ၁၆ ရက်နေ့ ဒေသစံတော်ချိန် ညနေ ၇ နာရီမှာ မဲခွဲဆုံးဖြတ်မှာ ဖြစ်ပါတယ်။ မဲခွဲရာမှာ ထရီဇာမေ ရှုံးနိမ့်ခဲ့ရင် ဝန်ကြီးချုပ်အဖြစ်ကနေ မေ နှုတ်ထွက်ရမှာဖြစ်ပါတယ်။

 

mdn

 

မေရဲ့ ဘရစ်ဇစ် (Brexit) သဘောတူညီချက်ကို ထောက်ခံမဲ ၂၀၁ မဲနှင့် ကန့်ကွက်မဲ ၄၃၂ မဲ နဲ့ အပြတ်အသတ် ပယ်ချခံခဲ့ရပါတယ်။ ဗြိတိန်ရဲ့ခေတ်သစ်သမိုင်းမှာ  အစိုးရဟာ ပါလီမန်မှာ အကြီးအကျယ်ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ ဝန်ကြီးချုပ်ရဲ့ ပါတီ ကွန်ဆာဗေးတစ်ပါတီမှ အမတ် ၁၁၈ ယောက်က ဝန်ကြီးချုပ်ရဲ့ သဘောတူညီချက်ကို ဆန့်ကျင်ခဲ့ပြီး အတိုက်အခံပါတီ လေဘာပါတီက အမတ် ၃ ဦးက ဝန်ကြီးချုပ်ရဲ့ သဘောတူညီချက်ကို ထောက်ခံခဲ့တာကို ထူးခြားစွာတွေ့ရပါတယ်။ 

 

mdn

 

ဥရောပသမဂ္ဂဥက္ကဌ ဂျန်ကားက ဗြိတိန်အနေနဲ့ သူတို့ရဲ့သဘောထားကို အလျင်အမြန်ရှင်းရှင်းလင်းလင်း လုပ်ဖို့လိုအပ်နေပြီ။ အချိန်က မရှိတော့ဘူးလို့ မဲခွဲအပြီးမှာ ပြောကြားလိုက်ပါတယ်။

 

ဗြိတိန်နိုင်ငံဟာ ဥရောပသမဂ္ဂကနေ ထွက်ခွာဖို့က မတ်လ ၂၉ ရက်နေ့ဖြစ်ပါတယ်။ 

 

mdn

 

ဒီကနေ့ထုတ် တပ်ပလွိုက် (tabloid) သတင်းစာတွေဖြစ်တဲ့ ဆန်း (The Sun) က ဝန်ကြီးချုပ် ထရီဇာမေဟာ ချေမှုန်းခံလိုက်ရတယ်လို့ ရေးသားသလို ဒေးလီးမေးလ် (Daily Mail) က ထရီဇာမေရဲ့ အာဏာဟာ တဲတဲလေးပဲ ကျန်တော့တယ်။ သည်တိုင်းမ်စ် (The Times) သတင်းစာရဲ့ ဆောင်းပါးရှင်က ထရီဇာမေဟာ ဇွန်ဘီဝန်ကြီးချုပ်ဖြစ်တယ်လို့ ဝန်ကြီးချုပ်အား ပြင်းပြင်းထန်ထန်ဝေဖန် ရေးသားကြတာကို တွေ့ရပါတယ်။
 

MDN
ကိုးကား- AFP

 

mdn