တီဘီရောဂါကင်းစင်ရေးကွင်းဆင်းရှာဖွေကုသ

ရန်ကုန်   ၁၈  ဇန်နဝါရီ  


ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန အမျိုးသားတီဘီရောဂါ တိုက်ဖျက်ရေး စီမံကိန်းအရ ပြုလုပ်သော တီဘီရောဂါ ကွင်းဆင်းရှာဖွေကုသခြင်းကို ရန်ကုန်တိုင်း တီဘီရောဂါတိုက်ဖျက်ရေးဌာနနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ယမန်နေ့နံနက် ၉ နာရီအချိန်မှ ညနေ ၃ နာရီအချိန်ထိ ရန်ကုန်အရှေ့ပိုင်းခရိုင် တောင်ဥက္ကလာပမြို့နယ် အမှတ်(၁၃)ရပ်ကွက် အောင်မြေလူထုဓမ္မာရုံ၌ မြို့နယ်အတွင်း ရှိ ရပ်ကွက်သူ၊ ရပ်ကွက်သားများအား တီဘီရောဂါ ရှာဖွေကုသပေးခြင်း၊ ဆီးချိုသွေးချိုစစ်ဆေးပေးခြင်း၊ သွေးပေါင်ချိန်ပေးခြင်းနှင့် သောက်ဆေး လိမ်းဆေးများ ပေးခြင်းတို့ကို အခမဲ့ ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။


လင်းလင်းထွန်း(ပြန်/ဆက်)