တိုက်စစ်မှူး ကော်တင်ဟိုအား ပေါင်သန်း ၁၀ဝ ဖြင့် ချယ်လ်ဆီး ခေါ်ယူမည်

၂၁ ဇန်နဝါရီ

 

ချယ်လ်ဆီးအသင်းဟာ ဘာစီလိုနာတိုက်စစ်မှူး ကော်တင်ဟိုအား ပြောင်းရွှေ့ကြေးပေါင်သန်း ၁၀ဝ နဲ့ ခေါ်ယူမယ်လို့ ဆိုပါတယ်။ ဘာစီလိုနာအသင်းကတော့ ပြီးခဲ့တဲ့ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်းမှာ ကော်တင်ဟိုကို ခေါ်ယူခဲ့တာဖြစ်ပြီး ကော်တင်ဟိုဟာ ဘာစီလိုနာအသင်းနဲ့အတူ စပိန်လာလီဂါဖလားနဲ့ စပိန်ကိုပါဒယ်ရေးဖလားတို့ကို ရယူထားခဲ့ပြီးဖြစ်ပါတယ်။

 

ဘာစီလိုနာအသင်းအနေနဲ့ ပီအက်စ်ဂျီတိုက်စစ်မှူးနေမာကို ပြန်လည်ခေါ်ယူဖို့ စိတ်ဆန္ဒပြင်းပြနေတာကြောင့် ဘဏ္ဍာငွေလိုအပ်ချက်ကို ဖြည့်ဆည်းဖို့ ကော်တင်ဟိုကို ရောင်းချဖို့စီစဉ်နေတာဖြစ်ပါတယ်။ ကော်တင်ဟိုဟာ လီဗာပူးအသင်းကနေ ဘာစီလိုနာအသင်းကို ပြောင်းရွှေ့ခဲ့တာဖြစ်တာကြောင့် ချယ်လ်ဆီးအသင်းက ပေါင်သန်း ၁၀ဝ နဲ့ ခေါ်ယူခဲ့မယ်ဆိုရင် ကော်တင်ဟိုအနေနဲ့ ပရီမီယာလိဂ်ကို ပြန်လည်ရောက်ရှိလာမှာဖြစ်ပါတယ်။

 

ချယ်လ်ဆီးတိုက်စစ်မှူး ဟာဇက်ကို ရီးယဲလ်မက်ဒရစ်အသင်းက ခေါ်ယူဖို့ဆန္ဒရှိနေတာကြောင့် ချယ်လ်ဆီးအသင်းက တိုက်စစ်ပိုင်းကို အားဖြည့်ရန် ကော်တင်ဟိုကို ခေါ်ယူဖို့ ပြင်ဆင်လာတာဖြစ်ပြီး ရီးယဲလ် မက်ဒရစ်က ဟာဇက်အား ပေါင် ၈၈ သန်းနဲ့ ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။

 

ကြေးမုံ