တိုင်းဒေသကြီးနှင့် ပြည်နယ် သိုင်းပြိုင်ပွဲများ နေပြည်တော်၌ ကျင်းပမည်

နေပြည်တော်  ၁၄  ဇန်နဝါရီ 

 

တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ အားကစားသမားများ ပါဝင်ယှဉ်ပြိုင်ကြမည့် တိုင်းဒေသကြီးနှင့် ပြည်နယ် သိုင်းပြိုင်ပွဲများကို နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပသွားမည်ဖြစ်ပြီး ဝါသနာရှင်ပြည်သူများ လာရောက်အားပေးနိုင်ကြောင်း သိရသည်။

 

အဆိုပါ တိုင်းဒေသကြီးနှင့် ပြည်နယ်သိုင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းနားကို ဇန်နဝါရီ ၁၇ ရက် နံနက် ၉ နာရီတွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း(A)ရုံ၌ ကျင်းပသွားမည်ဖြစ်သည်။

 

မောင်မောင်မျိုး