တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပမည်

နေပြည်တော် ၇  ဇန်နဝါရီ 

 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှကြီးမှူး၍ ၂၀၁၉ ခုနှစ် တိုင်းဒေသကြီး နှင့် ပြည်နယ် (U-21) အမျိုးသားဘောလုံးပြိုင်ပွဲများကို နေပြည်တော်၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ဘောလုံးပြိုင်ပွဲများ၏ ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီ ၉ ရက် ညနေ ၃ နာရီတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပသွားမည်ဖြစ်ပြီး ပြိုင်ပွဲများ ကျင်းပစဉ်အတွင်း အားကစားဝါသနာရှင်များ မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။     

 

မောင်မောင်မျိုး