တရုတ်နိုင်ငံကို သွားရောက်လည်ပတ်မယ့် ကနေဒါနိုင်ငံသားတွေကို အစိုးရက သတိပေး

၁၅ ဇန်နဝါရီ

 

တရုတ်နိုင်ငံမှာ မူးယစ်ဆေးလက်ဝယ်တွေ့ရှိသူ ကနေဒါနိုင်ငံသားကို ထောင်ဒဏ် ၁၅ နှစ်ကနေ သေဒဏ်အထိ တိုးမြှင့်ပြစ်ဒဏ်ချလိုက်ပြီးနောက် ကနေဒါအစိုးရက သူ့နိုင်ငံသားတွေကို တရုတ်နိုင်ငံကို သွားရောက်လည်ပတ် မယ်ဆိုရင် သတိကြီးကြီးထားဖို့ သတိပေးပြောကြားလိုက်ပါတယ်။ 

 

အဲဒီသတိပေးချက်ဟာ တရုတ်တရားရုံးကနေ ကနေဒါနိုင်ငံသား ရောဘတ် လွိုက် ရှာလင်ဘတ်ကို သေဒဏ်ချလိုက်ပြီး နာရီပိုင်းအတွင်းမှာ ထွက်ပေါ်လာတာဖြစ်ပါတယ်။  အသက် ၃၆ နှစ်အရွယ် ရှာလင်ဘတ်က မူလချမှတ်ထား ထောင်ဒဏ် ၁၅ နှစ်ကို အယူခံဝင်နေစဉ် အခုလို ကြီးလေးတဲ့အပြစ်ဒဏ် ကျခံခဲ့ ရတာဖြစ်ပါတယ်။ 

 

အခုလိုပြစ်ဒဏ် ချမှတ်တာဟာ ဟွာဝေးရဲ့အကြီးအကဲကို ပြီးခဲ့လက ကနေဒါနိုင်ငံမှာ ဖမ်းဆီးခံခဲ့ရပြီးနောက်ပိုင်း ဘေဂျင်းရဲ့ ဒေါသတကြီးတုန့်ပြန်မှုတွေထဲက တစ်ခုဖြစ်ပါတယ်။ 

 

ဟွာဝေးအကြီးကဲကို ကနေဒါနိုင်ငံမှာ ဖမ်းဆီးခဲ့ပြီး နောက်ပိုင်းမှာ တရုတ်နိုင်ငံရှိ ကနေဒါနိုင်ငံသားသံတမန်ဟောင်း တစ်ဦးနှင့် စီးပွားရေးအကြံပေးတစ်ဦးတို့ကိုလည်း ဘေဂျင်းက ဖမ်းဆီးခဲ့ပါတယ်။ အဖမ်းခံထားရတဲ့ ကနေဒါနိုင်ငံသား ၂ ဦး ကို အမြန်ဆုံးလွတ်ပေးရေးအတွက် အမေရိကန်၊ ဥရောပသမဂ္ဂနှင့် အနောက်နိုင်ငံတွေက တောင်းဆိုထားပါတယ်။

 

MDN
ကိုးကား- AFP

 

mdn