တရုတ်နိုင်ငံတွင် ကျောက်မီးသွေးတွင်းပြိုကျ၊ အလုပ်သမား ၂၁ ဦးသေဆုံး

ပေကျင်း ၁၄ ဇန်နဝါရီ

 

တရုတ်နိုင်ငံရှိ ကျောက်မီးသွေးတွင်းတစ်ခု၏ ဥမင်လိုဏ်ခေါင်း ရုတ်တရက်ပြိုကျမှုကြောင့် အလုပ်သမား ၂၁ ဦး သေဆုံးခဲ့ကြောင်း ယနေ့ အင်န်အိတ်ချ်ကေ သတင်းတစ်ရပ်အရ သိရသည်။

 

အဆိုပါ ကျောက်မီးသွေးတွင်းသည် တရုတ်နိုင်ငံ ရှာရာနီစ် စီရင်စုတွင် တည်ရှိပြီး ဥမင် လိုဏ်ခေါင်း ပြိုကျသည့်အချိန်တွင် မိုင်းတွင်းအလုပ်သမား ၈၇ ဦး အလုပ်လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

 

မိုင်းတွင်းပြိုကျမှုကြောင့် ၂၁ ဦးသေဆုံးခဲ့ပြီး ၆၆ ဦးအား ပြန်လည် ကယ်ဆယ်နိုင်ခဲ့သည်။ မိုင်းတွင်းပြိုကျမှုဖြစ်စဉ်၏ အကြောင်းရင်းခံကို တာဝန်ရှိသူများက စုံစမ်းစစ်ဆေးလျက် ရှိသည်။
တရုတ်နိုင်ငံရှိ ကျောက်မီးသွေးတွင်း အများအပြားသည် အလုပ်သမားများအတွက် အသက်အန္တရာယ် ခြိမ်းခြောက်လျက်ရှိသည်။  

 

၂၀၁၇ ခုနှစ်အတွင်းတွင် ကျောက်မီးသွေးတွင်းများ ပြိုကျမှုကြောင့် သေဆုံးသူအလုပ်သမား အရေအတွက် ၄၀ဝ နီးပါးရှိခဲ့သည်ဟု အာဏာပိုင်များက ဆိုသည်။

 

အင်န်အိတ်ချ်ကေ