ဝုလ်ဗ်အသင်းကို ရှုံးနိမ့်ပြီး လီဗာပူးအသင်း  အက်ဖ်အေဖလား တတိယ အဆင့်မှ ထွက်ခွာခဲ့ရ

၈ ဇန်နဝါရီ

အက်ဖ်အေဖလား တတိယ အဆင့်ပွဲစဉ်အဖြစ် ဝုလ်ဗ်အသင်းနှင့် လီဗာပူးအသင်းတို့ အင်္ဂါနေ့ နံနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့ကြပြီး ဝုလ်ဗ်အသင်းက လီဗာပူးအသင်းကို နှစ်ဂိုး - တစ်ဂိုး ဖြင့် အနိုင်ရရှိခဲ့သည်။

ပရီမီယာလိဂ်တွင် လီဗာပူးအသင်းကို ရှုံးပွဲကြုံတွေ့ထားခဲ့သည့် ဝုလ်ဗ်အသင်းသည် ယခုပွဲစဉ်တွင် အကောင်းဆုံးပုံစံဖြင့် ခြေစွမ်းပြကစားနိုင်ခဲ့ပြီး လီဗာပူးကို ရှုံးကြွေးပြန်ဆပ်ကာ နောက်တစ်ဆင့်ကို တက်လှမ်းနိုင်ခဲ့သည်။

ဝုလ်ဗ်အသင်းအတွက် သွင်းဂိုးတွေကို ပွဲချိန် ၃၈ မိနစ်တွင် ဟီမင်နက်ဇ်နှင့် ၅၅ မိနစ် နေးဗက်စ် တို့က သွင်းယူခဲ့ကြပြီး လီဗာပူးလ်အသင်းအတွက် တစ်လုံးတည်းသော ချေပဂိုးကို  ပွဲချိန် ၅၁ မိနစ်မှာ အော်ရီဂီက သွင်းယူခဲ့သည်။

MDN