F-16 ဂျက်လေယာဉ်အသစ် ၁၄ စင်း ဆလိုဗက်ကီးယား ဝယ်ယူမည်

F-16 ဘလော့  70/72 ဂျက်လေယာဉ် ၁၄ စင်းကို ဆလိုဗက်ကီးယားက ဝယ်ယူမည် ဖြစ်ကြောင်းနှင့် ဆလိုဗက် ကာကွယ်ရေးဝန်ကြီး ပီတာ ဂါဂျေဒေါ့ က လော့ခ်ဟိဒ် မာတင် ကုမ္ပဏီ ဒုတိယ ဥက္ကဋ္ဌ အာနာ ဝူဂေါ့စကီ နှင့် ယမန်နေ့က သဘောတူစာချုပ် ချုပ်ဆိုခဲ့ကြောင်း သိရသည်။

လက်နက်အမျိုးမျိုး၊ ထောက်ပံ့ပို့ဆောင်ရေးနှင့် လေယာဉ်ဝန်ထမ်းအားလုံး သင်တန်းပေးခြင်း အပါအဝင် ယူရို ၁ ဒသမ ၆ ဘီလီယံ (အမေရိကန် ဒေါ်လာ ၁ ဒသမ ၈ ဘီလီယံ)တန်ဖိုးရှိ လေယာဉ်များကို  ၂၀၂၃ ခုနှစ်တွင် ပို့ပေးဖွယ်ရှိကြောင်း ဆလိုဗက်ကီးယား အစိုးရက ဂျီဒီပီ ၏ ၂ ရာခိုင်နှုန်းကို ၎င်း စစ်ရေးအသုံးစရိတ်အဖြစ် တိုးမြှင့်ရေး ကတိကဝတ်ကို အတည်ပြုခဲ့ကြောင်း ဆလိုဗက် ဝန်ကြီးချုပ်  ပီတာ ပယ်လီဂရီနီ က ပြောကြားခဲ့သည်။

ကာကွယ်ရေးဝန်ကြီး ပီတာ ဂါဂျေဒေါ့က  ဂျက်လေယာဉ်အသစ် များဝယ်ယူခြင်းသည် အခြားသော အီးယူနှင့် နေတိုး အဖွဲ့ဝင်များနှင့်အတူ ရင်ဘောင်တန်းနိုင်မည်ဟု ထောက်ပြခဲ့ကြောင်း သိရသည်။

ကိုးကား ဆင်ဟွာ
ဘာသာပြန် မြင့်မြင့်ချို