အမေရိကန်စစ်အခြေစိုက်စခန်း နေရာပြောင်းရွှေ့ရန် အိုကီနာဝါတွင် မြေဖို့ခြင်း စတင် လုပ်ဆောင်

ဂျပန်ဗဟို အစိုးရသည်  အိုကီနာဝါ စီရင်စု တောင်ပိုင်းအတွင်း အမေရိကန် စစ်အခြေစိုက်စခန်း နေရာပြောင်းရွှေ့ရေးမည့် အငြင်းပွားဖွယ် အစီအမံကို ဒေသခံများ ဆန့်ကျင်နေသော်လည်း မြေယာ ပြန်လည်ပြုပြင်ရေး လုပ်ငန်းများ အပြည့်အ၀ စတင်လုပ်ဆောင်နေကြကြောင်း သိရသည်။

အမေရိကန်စစ်အခြေစိုက်စခန်းအဖွဲ့များသည်  ဟီနိုကို ကမ်းရိုးတန်းဒေသသို့ ပြောင်းရွှေ့နိုင်ရန် ၎င်းနေရာသို့ သဲနှင့် မြေစာသွန်ခြင်း လုပ်ငန်းကို စတင်လုပ်ဆောင်နေပြီ ဖြစ်သည်။ 

ဒေသခံအစိုးရက  အမေရိကန်စစ်အခြေခံစိုက် စခန်းကို အိုကီနာဝါ ဒေသမှ အပြီးအပိုင် ရွှေ့ပြောင်းပေးရန် လိုလားနေသော်လည်း ဂျပန်အစိုးရက အိုကီနာဝါ စီရင်စုသို့ အမေရိကန် အခြေစိုက်စခန်း နေရာရွှေ့ပေးခြင်းသည် တစ်ခုတည်းသော ရွေးချယ်စရာဖြစ်သည်ဟု ဆိုသည်။
 

အိုကီနာဝါကျွန်းအုပ်ချုပ်ရေးမှူး ဒန်နီ တာမာကီ က အိုကီနာဝါတာဝန်ရှိသူများနှင့် ပြန်လည်စေ့စပ်ညှိနှိုင်းရန်နှင့် ယင်းမြေဖို့ခြင်းကို ရပ်တန့်ရန် ဗဟိုအစိုးရကို တိုက်တွန်းပြောဆိုခဲ့သော်လည်း အစီအစဉ်အတိုင်း မြေဖို့ခြင်း စတင်လုပ်ဆောင်နေကြကြောင်းနှင့် အစိုးရက အိုကီနာဝါ ဒေသခံများ၏ သဘောထားဆန္ဒကို လျစ်လျူရှုနေခြင်းကို မိမိအနေဖြင့် ပြင်းပြင်းထန်ထန် ဒေါသထွက်မိကြောင်း ပြောကြားခဲ့သည်။

အမေရိကန်စစ်အခြေစိုက်စခန်း နေရာပြောင်းရွှေ့ရန် မြေဖို့လုပ်ဆောင်နေခြင်းကို သဘောမတူကြောင်း မြေဖို့သည့် နေရာအနီးတွင် ဒါဇင်ချီ သော ကန့်ကွက်ဆန္ဒပြသူများသည် ယနေ့မနက်ပိုင်းက စုဝေး ဆန္ဒပြခဲ့ကြကြောင်း သတင်းများတွင် ဖော်ပြထားသည်။

ကိုးကား အန်အိတ်ချ်ကေ
ဘာသာပြန် မြင့်မြင့်ချို