နောင်ချိုမြို့နယ်တွင် ဆယ်အိမ်မှူးဆရာဖြစ်(ဆင့်ပွား)သင်တန်းဖွင့်လှစ်

နောင်ချို ၂ ဇန်နဝါရီ     

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ကြီးမှူးကျင်းပသော ဆယ်အိမ်စုမှူး ဆရာဖြစ်(ဆင့်ပွား) သင်တန်းဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အားမာန်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

၎င်းနောက် အခမ်းအနား ဒုတိယပိုင်းကို ဆက်လက်ကျင်းပရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဌေးလင်းအောင်နှင့်အတူ ဌာနဆိုင်ရာများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း အဖွဲ့ဝင်များက ခေါင်းစဉ်အလိုက် ဆွေးနွေးခဲ့ကြသည်။ 

ယခုဖွင့်လှစ်သောသင်တန်းသို့ မြို့ပေါ်ရပ်ကွက်အတွင်းရှိ စိတ်ပါဝင်စားသော မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဝင် ၄၂ ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။ 

မြို့နယ်ပြန်/ဆက်

mdn